UNICODE
စည်းများခြားသော်***
Segment 5
ပန်ဆင် မွေ့ယာပေါ်ကကုန်းရုန်းထလိုက်ရင်းမှ
ဖုန်းကိုပြန်ကြည့်လိုက်တော့ မာမီက
ဖုန်းချသွား၏။
ပန်ဆင် မျက်ရည်တွေကိုပွတ်ဆွဲသုတ်လိုက်ကာ
မာမီ့ကိုဖုန်းပြန်ခေါ်လိုက်တော့ချက်ချင်းကိုင်သည်။“သမီးရယ် ဘယ်လိုဖြစ်သွားတာလဲ
ဖုန်းကြီးဖွင့်ပြီးဘာမှမပြောတော့
မာမီ့မှာကြောင်သွားတာပဲ
ဘာဖြစ်တာလဲ မောင်ခမ်းနားကမအားဘူးတဲ့လား....”“အင်း ဟုတ်တယ်မာမီ သူကမနက်ဖြန်
ကြော်ငြာရိုက်စရာတွေရှိလို့တစ်နေကုန်
မအားဖူးပြောထားတာ ဒါပေမဲ့
ပန်ဆင်ရှိပါတယ် မာမီတို့လာခဲ့လေ....”“အေးပါ ဒါပေမဲ့ သမီးလဲရုပ်ရှင်ရိုက်ရမှာဆိုတော့
အဆင်ပြေလောက်ပါ့မလား....”“ရတယ် ပန်ဆင် မနက်ဖြန် scene အကုန်
ဖျက်လိုက်မယ် မာမီတို့လာခဲ့လိုက်.....”“အေးအေး အလုပ်တော့မရှုပ်သွားဘူးမလား....”
“မရှုပ်ပါဘူးမာမီရဲ့....”
ပြောပြီးတာနဲ့ဖုန်းချသွားတာကြောင့်
ပန်ဆင် ဖုန်းကိုသာစိတ်ပျက်လက်ပျက်
ထိုင်ကြည့်နေမိ၏။
မာမီတို့ရွေးချယ်ပေးခဲ့တဲ့ဒီယောင်္ကျားက
ဘယ်လောက်တောင်ရိုင်းစိုင်းလဲဆိုတာ
မာမီတို့ကိုမျက်မြင်ကိုယ်တွေ့ပြချင်လိုက်တာ....အခုမှခေါင်းထဲသတိရတာက
မာမီတို့ကိုချက်ကျွေးဖို့အတွက် ဘာမှရှိမနေဘူးပဲ...
ဒယ်အိုးမပြောနဲ့ ပေါင်းအိုးလေးတစ်လုံးတောင်
ရှိမနေရင် မာမီတို့မေးကြမှာအမှန်
KAMU SEDANG MEMBACA
စည်းများခြားသော် {Complete}
Romansa"ရှင်ပဲကျွန်မတို့ကြားစည်းခြားခဲ့တာမလား...." "အဲ့တာဘာဖြစ်လဲ စည်းဆိုတာငါကနေဖြစ်လာရင် ငါကိုယ်တိုင်ကအဲ့စည်းကိုဖျက်မယ်..." "ရှင် လူလည်မကျနဲ့...." #နွေနှောင်းငယ်