*19*

4.1K 74 0
                                    

UNICODE

¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra.

UNICODE

စည်းများခြားသော်***

                Segment 19

“နှင်းဆီပန်း၁၅ပွင့်ရဲ့အဓိပ္ပါယ်က
‌စိတ်ရင်းနဲ့တောင်းပန်တာကိုကိုယ်စားပြုတယ်တဲ့
မင်းအတွက်ကိုယ်ပြင်ဆင်လာတာမို့
မှားခဲ့တာတွေကိုခွင့်လွှတ်ပေးပါ....ပြီးတော့
မင်း‌ကျေနပ်အောင်ဟိုကောင်လေးကိုလဲ
ဘေးခန်းမှာပဲနေခိုင်းလိုက်မယ်လေ.....”

သူ့စကားကြောင့်ပန်ဆင် ငြိမ်ကာ
အတွေးတစ်ချို့ စဉ်းစားသွားမိသည်။

မယုံနိုင်သလိုမျက်ဝန်းလေးတွေဖြင့်
သူ့ကိုကြည့်လိုက်တော့
ပန်ဆင့်ကိုတောင်းပန်တိုးလျိုးသလို
ကြည့်နေရင်းနဲ့မှ

“တောင်းပန်ပါတယ် ကိုယ်မင်းကို
တန်ဖိုးမထားတာမဟုတ်ဘူး....”

ပန်ဆင် အသံတိတ်နေတော့အနားကိုပိုမို
တိုးကပ်လိုက်တဲ့သူက ပန်ဆင့်လက်နားကို
ပန်းစည်းထိုးပေးရင်းမှ သူပြောနေကျ
စကားကိုပဲပြော၏။

“ကိုယ်မင်းကိုအတင်းမလုပ်ပါဘူး....
တကယ်လို့မင်းဘက်ကခွင့်လွှတ်ချင်တဲ့
ဆန္ဒရှိရင် ကိုယ့်လက်ထဲကပန်းစည်းကို
ယူလိုက်ပါ!!

နူးညံ့တဲ့အသံ ရွှန်းလက်နေတဲ့သူ့ရဲ့မျက်ဝန်း
အနည်းငယ်မဲ့နေသလိုထင်ရတဲ့ နီညိုရောင်
နှုတ်ခမ်းတွေကိုကြည့်ရင်း ပန်ဆင်
မျက်နှာလွှဲလိုက်မိသည်။
သူရဲ့အသက်ရှုသံမျှဉ်းမျှဉ်းကလဲ
ပန်ဆင့်စိတ်ကိုလျော့ရန်တောင်းဆိုနေသလို
စိတ်ထဲတစ်မျိုးကြီးခံစားလိုက်ရ၏။

“ပန်ဆင်....”

ငြိမ်သက်နေတဲ့ပန်ဆင့်ကိုလှုပ်နှိုးလိုက်တဲ့
သူ့အသံကြောင့် အသိဝင်လာရင်း
စိတ်ကိုဖြေလျော့မိသည်။
ဒီလောက်ထိတင်းနေလို့ရောကောင်းရဲ့လား???
ဘာပဲဖြစ်ဖြစ် သူနဲ့ပန်ဆင်ကလက်ထပ်ပြီးတဲ့
လူနှစ်ယောက်ပဲ....ဒီကိစ္စကလင်မယားကြား
ဖြစ်သင့်တဲ့အရာပဲလို့ထင်မိ၏။

စည်းများခြားသော် {Complete}Donde viven las historias. Descúbrelo ahora