*3*

5.3K 113 0
                                    

UNICODE

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou mettre en ligne une autre image.

UNICODE

စည်းများခြားသော်***

             Segment 3

ပန်ဆင် သူ့အပြောတွေကြား တနုံ့နုံ့နဲ့
ခံစားနေရရင်းမှ make up လိမ်းတာတောင်
အဆင်မပြေ.....။
ပြီးစလွယ်သာလိမ်းရင်း ရှုတင်အတွက်
လိုမဲ့ဟာတွေအပြည့်အစုံထည့်ကာ
ပန်ဆင် ကွန်ဒိုထဲကထွက်လာခဲ့၏။

သူကတော့သွားပြီလား မသွားဘူးလား
ပန်ဆင်မသိပေ....သိလဲမသိချင်
ထို့ကြောင့် ဖိနပ်စင်မှာထားထားတဲ့
High heel လှလှလေးသာစီးကာ
ဓာတ်လှေကားထဲလှမ်းဝင်လာခဲ့သည်။

ပန်ဆင် ဘယ်လိုလုပ်ရင်ကောင်းမလဲ.....
ရှုတင်သွားဖို့အတွက်ကားကလဲမရှိ....
သူကလဲကားယူသွားမှာ....မနွေးကိုပဲ
လာခေါ်ခိုင်းရင်ကောင်းမလား.....

စိတ်ညစ်စွာတွေးနေတုန်း ပန်ဆင် ကွန်ဒို
အောက်ဆုံးထပ်ရောက်တော့
ဓာတ်လှေကားပွင့်သွားကာလှမ်းထွက်လာခဲ့၏။

“ဝူး.....”

ပန်ဆင် ထွက်ပြီးသီသီလေးမှာ နက်မှောင်နေတဲ့
ကားနက်လေးက ကွန်ဒိုဝင်းထဲကထွက်သွားတာ
တွေ့လိုက်ရသည်။
ဘယ်သူ့ကားမှန်းသေချာကြည့်နေတုန်း
ဘေးတိုက်တွေ့လိုက်ရတဲ့ မျက်နှာချောချောက
ပန်ဆင့်ကိုသူမှန်းသေချာစေ၏။

ကားမရှိမှန်းသိရက်နဲ့ လိုက်ပို့ရင်
ငရဲကြီးသွားမှာဆိုးလို့လားမသိပေ......။
တကယ်ပဲပန်ဆင်ကအိမ်ထောင်ကျကံမကောင်းတာ..
ဒီလိုလူမျိုးရမဲ့အစား အပျိုဘဝနဲ့သာ
အရိုးထုတ်လိုက်တာ ပိုအဆင်ပြေမယ်.....

“အစ်မ အစ်မ ခဏလေးနေပါဦး.....”

အသံကြားရာလှည့်ကြည့်လိုက်တော့
မနေ့တုန်းကတွေ့ခဲ့တဲ့ကောင်လေးက
မဝံ့မရဲပုံလေးဖြင့်အနားတိုးလာသည်။

စည်းများခြားသော် {Complete}Où les histoires vivent. Découvrez maintenant