*18*

4.1K 70 0
                                    

UNICODE

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

UNICODE

စည်းများခြားသော်***

                Segment 18

မနက်မိုးလင်းတဲ့အချိန် ကြားနေကျ
ကျေးငှက်သံလေးတွေမကြားရတာလဲ
ဒုက္ခတစ်မျိုးပါပဲ!!!
အရင်ကွန်ဒိုမှာက ဝင်းကျယ်ကြီးထဲမှာ
အပင်တွေစိုက်ထားတာကြောင့် မနက်လင်းရင်
ကျေးငှက်သံတွေက ညံစီလို့လူကိုလန်းဆန်းသွားစေတယ်လေ....။

ဘာရယ်မဟုတ် အရင်ချိန်တွေကိုလွမ်းလို့
ကျသွားမိတဲ့မျက်ရည်စက်က အတိတ်ကိုလား
ပစ္စုပ္ပန်ကိုလားမသဲကွဲပဲ ပန်ဆင်ရင်ထဲနွမ်းချိသွားသည်။

တစ်ကိုယ်လုံးမှာနေရာယူထားတဲ့ သူ့ကိုယ်လုံးက
ပန်ဆင့်ကိုထပ်လျက်ဖြစ်နေတာမို့ အသက်ရှုတောင်
ကျပ်ချင်နေ၏။
ပြီးတော့ လည်ပင်းမှာကပ်နေတဲ့သူ့မျက်နှာ....
ညှပ်ရိုးနုနုမှာပူလိုက်အေးလိုက်ဖြစ်နေတာက
သူ့အသက်ရှုသံမှန်းသိတာကြောင့်ပန်ဆင်
သက်ပြင်းချမိသည်။

အနက်ရှိုင်းဆုံးအခြေအနေထိပတ်သတ်ပြီးမှတော့
ဘာလုပ်လို့ရတော့မှာလဲ???
အပျိုလဲပြန်မဖြစ်တော့သလို ဒါလေးကိုတောင်
မကြိုက်ဘူး မနေချင်ဘူးပြောရင် ကိုယ်က
ပိုရာကျနေမှာပေါ့...။
ဒီလိုဖြစ်သွားတာဝမ်းမနည်းပေမဲ့
ပန်ဆင်တားနေရက်ကြားကမှ အတင်း
သူ့စိတ်တိုင်းကျဖန်တီးလိုက်တာကြောင့်
ရင်ထဲမှာတင်းကျပ်ကျပ်ကြီးခံစားလိုက်ရသည်။
အမှန်ဆိုပြေပြေလည်လည်ပြောပြီး
လျှံထက်ပိုင်ကိုမနေစေချင်ကြောင်းပြောရင်
ရတာကို ပန်ဆင်ကပဲဖောက်ပြန်နေသလိုလို...။

ကုတင်တစ်ခုပေါ်မှာအမှတ်တမဲ့ထိုင်မိတာက
သေမိန့်ကျသွားတဲ့အတိုင်း ပြန်ရလိုက်တဲ့
အပြစ်ဒဏ်က အပျိုစင်ဆိုရင်တရားပါဦးမလား??

စည်းများခြားသော် {Complete}Où les histoires vivent. Découvrez maintenant