UNICODE
စည်းများခြားသော်***
Segment 23
“ဟင် လျှံထက်ပိုင်.....”
အထုပ်အထည်နဲ့တကွ မျက်နှာမကောင်းပဲ
အောက်ဆင်းလာတဲ့လျှံထက်ပိုင်ကြောင့်
ပန်ဆင် ခေါ်လိုက်ဝောာ့မော့ကြည့်လာရင်းမှ
အားနည်းစွာပြုံးပြကာ“ကျွန်တော်ညံ့တယ်မလား.....ကိုယ်ချစ်နေတဲ့လူမှာ
အိမ်ထောင်ရှိမှန်းမသိရလောက်အောင်
ကျွန်တော်ညံ့ဖျင်းနေတယ်မလား.....”“လျှံထက်ပိုင် အဲ့လိုမဟုတ်....”
“မနှစ်သိမ့်ပါနဲ့ အစ်မနှစ်သိမ့်တာက
ကျွန်တော့ကိုပိုခံစားရစေတယ်.....
နောက်ပြီးတော့ဘာကြောင့်မပြောခဲ့တာလဲ
ကျွန်တော်ကလူတွေကိုပြန်ဖျန့်မှာစိုးရိမ်လို့လား.....”“မဟုတ်ပါဘူး အစ်မမပြောတာက
မင်းကိုကောင်းစေချင်လို့ပါ မင်းအစ်မကို
လွတ်လွတ်လပ်လပ်ခင်တွယ်နိုင်အောင်
ပြီးတော့အစ်မလဲမင်းကိုမောင်လေးတစ်ယောက်လို
စိတ်သန့်သန့်နဲ့ခင်ချင်တာကြောင့်မပြောခဲ့မိတာပါ.....”“အဟင်းင်း အစ်မကကျွန်တော့ကို
ကောင်းစေချင်လို့ပေမဲ့ ကျွန်တော်ကတော့
အစ်မကြောင့်ရူးမှန်းမသိရူးမိုက်နေမိတာလေ....
အစ်မပျော်တယ်မလား ကျွန်တော်အရူးတစ်ယောက်လို အစ်မကိုတွယ်ကပ်နေမိတာကို.....”“လျှံထက်ပိုင် အစ်မအဲ့သဘောမရှိဘူး....”
“ကောင်းပါပြီ ကျွန်တော့ကိုခွင့်ပြုအုံးနော်
အစ်မမမြင်ချင်တဲ့ဒီမျက်နှာကို
နောက်ထပ်မမြင်စေရပါဘူး ပြီးတော့
အစ်မခင်ပွန်းနဲ့လဲပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့
ကျွန်တော်ဆုတောင်းပါတယ်.....”မျက်ရည်ကြည်တွေဝေ့နေတဲ့မျက်ဝန်းတွေကို
ဂရုဏာသက်စွာကြည့်ရင်းမှ
ပန်ဆင် နှုတ်ဆိတ်နေမိသည်။
ပန်ဆင်လုပ်လိုက်တဲ့ကိစ္စက တစ်ခြားသူ
တစ်ယောက်ကိုဒီလောက်အထိ
ဆိုးရွားသွားစေတာလား????အတွေးများကာမျက်နှာပျက်ရွင်းနေတဲ့သူမပုခုံးကို
ဆွဲကိုင်ရင်းမှ ဓာတ်လှေကားထဲကိုဝင်လိုက်တော့
ငြိမ်သက်စွာပါလာ၏။
![](https://img.wattpad.com/cover/332000763-288-k765491.jpg)
ESTÁS LEYENDO
စည်းများခြားသော် {Complete}
Romance"ရှင်ပဲကျွန်မတို့ကြားစည်းခြားခဲ့တာမလား...." "အဲ့တာဘာဖြစ်လဲ စည်းဆိုတာငါကနေဖြစ်လာရင် ငါကိုယ်တိုင်ကအဲ့စည်းကိုဖျက်မယ်..." "ရှင် လူလည်မကျနဲ့...." #နွေနှောင်းငယ်