#PixieDust #Fantasia #Prologue
လောကကြီးကို အပေါ်စီးကနေ ပျံသန်းပြီး ကြည့်နိုင်ဖို့ အတောင်ပံလိုတယ် ပေါ့ ဟုတ်လား။ အတောင်ပံ တွေက ရုပ်ဆိုးတာ မသိဘူးလား။ ပြီးတော့ ကျွန်တော်က ကြက်တောင်ပံတောင်စားတာမဟုတ်ဘူး။ အဲဒီ ရုပ်ဆိုးဆိုး လက်တံတွေလည်း မလိုချင်ပါဘူး။ အဟဲ... အဲဒီလို တောင်ပံမပါဘဲ ပျံလို့ရတဲ့နည်း ကျွန်တော် သိတယ်။ ပစ်ခ်စ်ဆီ ဒတ်စ်လို့ခေါ်တဲ့ ရွှေရောင်နတ်ဝတ်မှုန်လေးတွေရှိရင် ပျံလို့ရတယ်လေ။ ဘယ်ကသိလဲ ဟုတ်လား။ ခင်ဗျားတို့ ပီတာပန်မကြည့်ဖူးဘူးလား။ အဲဒီထဲမှာပါတာပဲဟာ။ ဘယ်ကရှာရမလဲတော့ လာ မမေးနဲ့လေ။ အဲဒါက မဟာလျို့ဝှက်ချက်။
ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ Pixie Dust လေးကိုတွေ့ခဲ့ပြီဗျ။ အဲဒါကြောင့် အခုလေထဲလွင့်နေတာ ပေါ့ဗျာ။ နော် ဘေဘီ။ လာပြောလိုက်ဦး။ ဟာ.. ဘေဘီ.. ဘေဘီ..။ မသွားနဲ့လေ.. ဒီမှာ Vlog ရိုက်..။
*ဤနေရာတွင် video file ရပ်တံ့သွားခဲ့ပါသည်*
==============================================================================
"လွတ်လပ်ရေးဆိုတာ တိုက်ယူရတာပဲ။ ဒီလိုထိုင်နေလို့တော့မဖြစ်ဘူး။ ငါတို့ တစ်ထောင့်တစ်နေရာက ပါဝင်မှဖြစ်မှာ"
မည်မျှ အားရဖို့ကောင်းလိုက်သလဲ။ သရုပ်ဆောင်ချက်တွေ ဒိုင်ယာလော့ဂ်တွေက အပြင်းစားပဲမဟုတ်ဘူး လား။ သို့သော် ဘေးကိုကြည့်လိုက်တော့ တစ်မိသားစုလုံး သက်ပြင်းချနေကြသည်ကိုသာ ရင်ဆိုင်လိုက်ရ တော့သည်။ အဆိုးဆုံးကတော့ အဘိုးနှင့် ဖေဖေ။ မေမေကတော့ မချိပြုံးလေးပြုံးနေရှာသည်။ အားကိုးရာ ရမလားဟု အောက်မှာအိပ်နေသော Simba ကိုကြည့်တော့ ပိုဆိုး၏။ သမ်းနေလိုက်သည်မှ လျှာကိုထွက် နေပြီ။ တော်တော်မွေးရကျိုးနပ်တဲ့သား။ ဇာတ်လမ်းတွဲမပြခင် ကြက်သားနှင့်အမဲသားကင်ကျွေးထားတာ ကိုမှ မထောက်။ ဒါဆို အခြေအနေကတော့မကောင်း။ ကိုယ့်ဟာကိုယ်ဝန်ခံလိုက်ခြင်းသည်သာ ပညာရှိ နည်းဖြစ်လိမ့်မည်။
"အိုကေ.. STOP. ဒီလောက်ဆို ကျွန်တော်သိပြီ"
ကိုယ်တိုင်ပင် ရီမုတ်ယူ၍ တီဗီပိတ်ပေးလိုက်တော့ အဘိုးက မျက်မှန်ကြီးအောက်မှ ပင့်ကြည့်၏။

YOU ARE READING
Pixie Dust
Romanceအေဒရီယန်လွမ်း ဆိုတဲ့ ရုပ်ချောချော သရုပ်ဆောင်ချာချာမင်းသားနဲ့ ရဲဆက် ဆိုတဲ့ လက်ရွေးစင် ဘောလုံးသမား တိုက်စစ်မှူးလေးတို့ရဲ့ နတ်သမီးပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးပါပဲ။ Pure Romantic-Comedy Story by Mon Shwe Yee (ဒရာမာ ထရော်မာမပါအောင်ဂရုစိုက်ထားပါသည်။ သို့သော်...