6 : A Bug's Life

798 117 21
                                    

#PixieDust #6

အမှန်တော့ ရဲဆက် အိမ်ကို ဘာကြောင့် တက်သွားမိမှန်း အေဒရီယန်လွမ်းမှာ တိပသေချာသော အဖြေ မရှိပါချေ။ တိုက်စစ်၊ ထိုးစစ်၊ ဘယ်လို ဗျူဟာပဲဖြစ်ပါစေဦး၊ အရင်းခံအကြောင်းတရားကို မေးလျှင် ခွေးအ ကြီးလှည်းနင်းသကဲ့သို့ အီလည်လည် ဟိုပြောဒီပြောဖြေရန်သာရှိသည်။ မန်နေဂျာဖြစ်သူ ကိုဉာဏ်လည်း သူ့ကို စိတ်ပျက်လှပြီ။

"မင်း.. ငါ ရင်ပူအောင်မလုပ်ပါနဲ့ကွာ။ တောင်းပန်ပါတယ်။ အနည်းဆုံး ငါ့ကိုတော့ ပြောပြပါ။ မင်းနဲ့ ရဲဆက်.. ဘာတွေခြေရှုပ်ထားတာလဲ"

ကားပေါ်မှာ နှစ်ယောက်တည်းရှိသည်မို့ ကိုဉာဏ်က လှည့်ပတ် အစ်အောက်မေးနေသည်။ သို့သော် ဘာ ဆိုဘာမှ မရှုပ်ရသေးကြောင်းကို မည်သို့ရှင်းပြရမည်နည်း။

"ကျွန်တော် အိမ်မှာမနေချင်လို့လေ။ အဲဒါတွေမမေးပါနဲ့တော့ ကိုဉာဏ်ရာ။ ကျွန်တော်ခေါင်းကိုက်လာပြီ"


"ဟ.. မမေးလို့တော့ဘယ်ရမလဲ။ ငါက မင်းမန်နေဂျာလေကွာ။ မင်း မှန်မှန်ပြောနော်။ သူနဲ့ ဆေးတွေဘာ တွေများ ချနေတာလား။ ဒါမှမဟုတ် ဘာအကြံအစည်တွေရှိတာလဲ။ သူ့မှာ ညီမတွေဘာတွေရှိလို့ ဇွတ် ပေါင်းနေတာများလား"

အေဒရီယန်လွမ်းမှာ မျက်လုံးလှန်ရင်း ကိုဉာဏ့်ကိုကြည့်လိုက်သည်။ အင်း.. ဒီလူပျိုကြီးတစ်ယောက်နဲ့ တော့ ခက်သားပါလေ။ တစ်စုံတစ်ယောက်ကို ကြိုက်လွန်း၍ အိမ်ပေါ်ထိသွားတက်နေသည်ဟု သူ၏ ကျောက်ခဲနှလုံးသားက တွေးမိမည်မဟုတ်။ အေဒရီယန်လွမ်း ခေါင်းခါမိသည်။

"ကျွန်တော် ပြဿနာမရှာဘူးဗျာ။ အဲဒါ ကတိပေးတယ်။ ကိုဉာဏ်ပဲသိထားပေးပါ။ အဖေတို့သိရင် ကျွန်တော် စကားတွေပြောရဦးမှာ"

"မင်းက Simba ကိုပါခေါ်သွားတာလေ။ ဒီလိုလုပ်ရင်ရော .. အဲဒီ ကွန်ဒိုမှာပဲ အခန်းငှားပေးမယ်လေ။ အခန်းလွတ်ရှိတော့ရှိမှာပါ။ ငါ ရှာပေးမယ်။ အခုကျ သူများကိုလည်း အားနာစရာကြီး"

"ကိုဉာဏ်... ကျွန်တော်က ဘယ်သူလဲ"

"နေ့သစ်.. အေဒရီယန်လွမ်းလေ"

"အင်း ကျွန်တော့်ကိုယုံလိုက်။ ကျွန်တော် သူ့အိမ်မှာပဲနေမှာ။ အဲဒီလိုနေရဖို့ ပုရွက်ဆိတ်လို ကြိုးစား အလုပ်လုပ်ရမယ်ဆိုရင်တောင်ပေါ့"

Pixie DustWhere stories live. Discover now