7 : Tangled

772 124 30
                                    

#PixieDust #7

မည်သို့မည်ပုံဖြစ်သွားသည်မသိသော်လည်း သူနှင့် ရဲဆက်တို့၏ ဆက်ဆံရေးက ချောမွေ့ပြေပြစ်လာ သည်ကို အေဒရီယန်လွမ်းသတိထားမိသည်။ ရဲဆက်က စကားဟဟ ဆိုတတ်လှသူမဟုတ်သော်လည်း သဘောကောင်းသူဖြစ်ကြောင်း သိလာသည်။ သားကြီး Simba ကိုပင် ရဲဆက် သိပ်မကြောက်တော့ဟု ထင်မိသည်။ ဤအခြေအနေကို အေဒရီယန်လွမ်း သဘောမကျဘဲ မနေနိုင်။ ရဲဆက်ကို ကြိုက်မိခြင်း အတွက် မည်မျှသင့်မြတ်လျော်ကန်ကြောင်း ကိုယ့်ကိုယ်ကိုယ် အမှတ်တွေဇွတ်ပေးနေမိတော့သည်။

ရက်ပိုင်းလောက် အတူရှိပြီးနောက် အေဒရီယန်လွမ်းသည် ရဲဆက်၏ နေ့စဉ်လုပ်ငန်းဆောင်တာတို့ကို သဘောပေါက် နားလည်လာပြီ။ သူ့ကောင်လေး ရဲဆက်သည် ကျန်းမာရေးလိုက်စားသူ အားကစားသမား ဖြစ်ပြီး နေ့စဉ် ကိုယ်ကာယလေ့ကျင့်ခန်းတစ်ခုမဟုတ်တစ်ခုလုပ်လေ့ရှိသည်။ အားကစားခန်းမ လည်း သွားသကဲ့သို့ တခါတရံလည်း နားကြပ်တပ်ပြီး လမ်းမများထက်မှာ အပြေးလေ့ကျင့်ကြောင်းလည်း မှတ် သားမိ၏။

"ဒါဘာအဓိပ္ပာယ်လဲ သိလား။ ငါ့သား"

"ဝု"

Simba က မယုံသင်္ကာထိုးဟောင်သည်။ အေဒရီယန်လွမ်း မိန့်မိန့်ကြီး ပြုံးလိုက်မိ၏။

"သေချာတာပေါ့။ ငါတို့လည်း ကိုယ်လက်လှုပ်ရှားဖို့ အချိန်ကျရောက်လာပြီဖြစ်တယ်။ နိုးထလော့ ငါ့သား"

ကိုဉာဏ်ကို မှာထားသော အထုပ်ကြီးထဲမှနေ၍ Adidas အားကစားဝတ်စုံ ထုတ်ကြည့်မိ၏။ စီးနေကျ sneaker ဖိနပ်အဖြူလေးကိုတော့ နှမြောလှ၍ အားကစားဖိနပ်တစ်ရံ ထပ်မှာထားသည်။ အောင်မယ်.. သူ ပဲ စတိုင်ကျနေသည်မဟုတ်ပါ။ သားတော်မောင် Simba အတွက်လည်း အပြင်ထွက်လျှင် စီးရန် ဖိနပ်ပိစိ အပြာရောင်လေးတွေ ဝယ်လာသည်။ Adidas တံဆိပ်နှင့်ခပ်ဆင်ဆင်တူသည့် တြိဂံပုံလေးဖြင့် အင်္ကျီလေး လည်း ရှိနေပြီ။ ဤသို့ စတိုင်မိခန့်ညားသော ပုံစံများဖြင့်ဆိုလျှင်တော့ လမ်းတွင် အာရုံစိုက်ခံရတော့မည်။

"မဖြစ်သေးဘူး Simba. မင်းဒယ်ဒယ်က လူတွေဝိုင်းကြည့်မှာ သိပ်မကြိုက်လောက်ဘူးကွ"

Pixie DustDonde viven las historias. Descúbrelo ahora