#PixieDust #1
မီးရောင်လက်လက်နှင့် ကော်ဇောနီတို့က အေဒရီယန်လွမ်းနှင့် ရင်းနှီးကျွမ်းဝင်ပြီးသားအရာတို့ဖြစ်သည်။ ငယ်စဉ်ကတည်းက အဘိုးနှင့် အဖေကို အချိန်တိုင်းမြင်တွေ့ခဲ့ရပြီး ကင်မရာမီးရောင်ကလည်း ကြောက် စရာမဟုတ်မှန်းသိသွားခဲ့ကတည်းက အေဒရီယန်လွမ်းသည် ကင်မရာမြင်တိုင်း ပို့စ်ပေးတတ်ခဲ့၏။ ယခု လည်း ဒီဇိုင်နာကို အထူးတလည်အပ်ထားသော အစိမ်းနုရောင် suit နှင့် ပွဲထဲတွင် အားလုံး၏ အာရုံစိုက်ရာ ဖြစ်နေပြီ။ ဤသည်ကို သူ ကျေနပ်ဂုဏ်ယူပါသည်။ သို့သော် ဤပွဲက လုပ်ငန်းပစ္စည်းမိတ်ဆက်ပွဲဖြစ်၍ ပြင်ပပရိသတ်ထက် လုပ်ငန်းရှင်မိတ်ဖက်များပို၍များပြားသည်။ ထို ပျင်းစရာကောင်းလှသော လူကြီးများ အတွက်တော့ မင်းသမီးများနှင့် မော်ဒယ်များကသာ ပိုပြီးကြည့်ဖို့ကောင်းနေမည်။
စင်အောက်တွင်ထိုင်နေစဉ် ထိုလုပ်ငန်း၏ မန်နေဂျာက တစ်စုံတစ်ယောက်ကို ကိုယ်တိုင်ခေါ်ဆောင်လာ ပြီး သူ့ဘေးတွင် နေရာချပေး၏။ သူ့ကိုတော့ တစ်ချက်မျှ ခေါင်းဆတ်ပြီး ပြုံးပြသွားသေးသော်လည်း ထို ဧည့်သည်ကိုတော့ ဦးစားပေးနေသဖြင့် အေဒရီယန်လွမ်းမှာ အနည်းငယ် အောင့်သက်သက်ဖြစ်ရသည်။ သူ့ဘေးလာထိုင်သော ဘဲကိုလည်း တစ်ချက်လှန်ကြည့်လှန်ကြည့်လုပ်လိုက်မိသည်။ ပထမဆုံးအမြင်မှာ တော့ ထိုဘဲသည် အသားညိုညိုနှင့် ဆံပင်တိုတိုရှိကာ ခိုပြာရောင် suit ဝတ်ဆင်ထား၏။ လှန်ကြည့်သည့် ဘေးတိုက် အနေအထားအရတော့ မျက်လုံးမျက်ခုံးကောင်းပြီး သိပ်တော့မချောလှ။ ထိုကြားထဲ နားမှာ Air Pods တပ်ထားသေး၏။ ဘေးဘီကိုလည်း တစ်ချက်မကြည့်။ ဘယ်လိုလူလဲဟ လို့ စိတ်ထဲမှ မှတ်ချက်ချ စဉ် သူ့တခြားတစ်ဘက်မှာထိုင်နေသော ကြော်ငြာအတူရိုက်ခဲ့သည့် မမက ခပ်တိုးတိုးကပ်ပြော၏။
"အဲဒါ အဲဒါ.. ရဲဆက်လေ။ အောင်မလေး.. အပြင်မှာ ပိုကြည့်ကောင်းတယ်နော်"
အေဒရီယန်လွမ်းမှာ ချက်ချင်းနှာခေါင်းရှုံ့သွားမိသည်။ ဘာကြည့်ကောင်းတာလဲ။ အေးလေ၊ ရုပ်တော့ မကြမ်းလှပါဘူး။ သို့သော် စိတ်ထဲမှာတော့ အလိုလို ကြည့်မရဖြစ်နေသလိုပဲ။

YOU ARE READING
Pixie Dust
Romanceအေဒရီယန်လွမ်း ဆိုတဲ့ ရုပ်ချောချော သရုပ်ဆောင်ချာချာမင်းသားနဲ့ ရဲဆက် ဆိုတဲ့ လက်ရွေးစင် ဘောလုံးသမား တိုက်စစ်မှူးလေးတို့ရဲ့ နတ်သမီးပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးပါပဲ။ Pure Romantic-Comedy Story by Mon Shwe Yee (ဒရာမာ ထရော်မာမပါအောင်ဂရုစိုက်ထားပါသည်။ သို့သော်...