18: Tinkerbell

1.5K 118 20
                                    

#PixieDust #18

ယခုတလော ရဲဆက် မျက်နှာအနည်းငယ်မှိုင်တွေနေသည်ကို အေဒရီယန်လွမ်း ရိပ်မိသည်။ ဒဏ်ရာ ကြောင့် ဘောလုံးမကန်နိုင်၊ မလေ့ကျင့်နိုင်သည့်အပြင် လမ်းလျှောက်ရာတွင် တပါးသူကို မှီခိုရသည့် အဖြစ်ကို ရဲဆက်က စိတ်ပျက်ဟန်ရှိသည်။ ချစ်ရသူ မျက်နှာမကောင်းတော့ အေဒရီယန်လွမ်းမှာ ထမင်း ပင် ကောင်းကောင်းမစားနိုင်ပါ။ (ခေါက်ဆွဲတော့စားဖြစ်သေးသည်။) ရဲဆက်ကို ပျော်ရွှင်စေချင်သည်။ ဤ ဆက်ဆံရေးမှာ အေဒရီယန်လွမ်းက အသက်ကြီးသူဖြစ်ပြီး တာဝန်ယူရမည့်သူဟု မိမိကိုယ်ကို ခံယူ ထားသောကြောင့် ရဲဆက် ပျော်ရွှင်ရေးမှာ အေဒရီယန်လွမ်း၏ နံပါတ် တစ် အထူးဦးစားပေး တာဝန်ကြီး ဖြစ်လာ၏။

"ရဲဆက်.. ကိုယ်နဲ့ အပြင်သွားကြမလား"

ရဲဆက်က တစ်စုံတစ်ခုပြောမည့်ဟန်ပြင်ပြီးမှ "အစ်ကို ဘယ်သွားချင်လို့လဲ။ သွားလေ" ဟု ပြန်ဖြေ၏။

"ပန်းခြံတို့ဘာတို့သွားကြမလား။ Simba လည်းမဆော့ရတာကြာပြီ"

"ကျွန်တော်.. ဝှီးချဲတော့မစီးချင်ဘူး။ ထိန်းလျှောက်ရင် ကျွန်တော့်ခြေထောက် ရပါတယ်"

မရဘူးဟု အာဏာစက်ပြချင်သေးသော်လည်း ရဲဆက်၏ မျက်တောင်စိပ်စိပ်လေးများနှင့် မျက်ဝန်း အောက်တွင် အေဒရီယန်လွမ်းမှာ ချက်ချင်းအရည်ပျော်ကျသွား၏။

"အဟမ်း.. ပြီးတာပဲလေ။ ကိုယ့်ကိုတွဲလျှောက်ပေါ့။ ဒါဆို ညနေကျ ပျော်ပွဲစားထွက်ကြမယ်။ ကိုယ် Sandwich လုပ်လိုက်ဦးမယ်။ Simba.. ငါတို့ ညနေကျရင် အတူတူဆော့ကြမယ်နော်"

အေဒရီယန်လွမ်း၏ အာရုံက နှစ်ခုအပေါ်တွင်ထားမရသည့်ထုံးစံကြောင့် ချက်ချင်းပင် ပေါင်မုန့်ထုပ်ပေါ် ရောက်နေစဉ် နောက်မှ တိတ်ဆိတ်စွာဖြင့် ရဲဆက်က လာဖက်ထားခြင်းကို ခံလိုက်ရတော့သည်။

"အယ်.. ဘာဖြစ်လို့တုန်း ဘေဘီ"

ရဲဆက်က အေဒရီယန်လွမ်းအပေါ် ကိုကိုဟု ခေါ်ရမည်ကို တွန့်တိုသော်လည်း အေဒရီယန်လွမ်းကမူ ရဲဆက်ကို ဘေဘီဟု ခေါ်ရန် ဝန်မလေးပါ။ ဤသို့ သဘောထားကြီးသော ရည်းစားရထားခြင်းအတွက် ရဲဆက် ကံကောင်းသည်ဟု ဆိုရမည်။

Has llegado al final de las partes publicadas.

⏰ Última actualización: Jan 27, 2024 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Pixie DustDonde viven las historias. Descúbrelo ahora