#PixieDust #14
(NOTE : HEHEHEHE> ဘာမှမဟုတ်ဘူး ကြိုရယ်ထားတာ။ ဖတ်လို့ရပြီ)
ရဲဆက်အိမ် ပြန်ရောက်တော့ ကိုဉာဏ်က Simba ကိုခေါ်ပြီး အပေါ်ထိ လိုက်ပို့ပေး၏။ အေဒရီယန်လွမ်း ကတော့ ပူပူနွေးနွေး ဖွင့်ပြောထားသော အချစ်ကလေး၏ လက်မောင်းကို တွဲပေးခွင့် တာဝန်ယူခဲ့သည်။ မည်သူယူခိုင်း၍မှတော့မဟုတ်ပါ။ ကိုယ်တိုင် အနစ်နာခံခဲ့ခြင်းသာ။ ရဲဆက်က စကားတစ်ခွန်းမှမပြောဘဲ မျက်နှာမှုန်ကုပ်ကုပ်ဖြင့် သူတွဲပေးသည့်နောက် လိုက်လာရှာသည်။ အင်းလေ.. ဒဏ်ရာက နာရှာမှာပေါ့။
"ရဲဆက် ဖြည်းဖြည်း..။ ဒီမှာအရင်ထိုင်မလား"
"ဒါဆို ငါပြန်တော့မယ်နော်။ အဆင်ပြေပြေနေကြဦး။ ရဲဆက်ရောပဲ။ မြန်မြန်သက်သာပါစေကွာ"
"ကျေးဇူးပါဗျ"
ရဲဆက်က ကိုဉာဏ့်ကိုတော့ ပြေပြေလည်လည်ပြောပြီး အေဒရီယန်လွမ်းကိုကျ မကြည့်ဘဲ အိပ်ရာထဲ ဝင် လှဲ၏။
"အဝတ်အစားမလဲတော့ဘူးလား ရဲဆက်။ အဲ.. မင်းဒဏ်ရာက ရေထိလို့ရလား ဘာမှလည်းမမေးခဲ့ရဘူး"
ရဲဆက်က ဘာမှပြန်မဖြေ။ Simba ပင် မသင်္ကာဖြစ်သွားပြီး အိပ်ရာနား ရှေ့လျှောက်လိုက် နောက်ပြေး လိုက် လုပ်နေပြီ။
"ညစာလည်းမစားရသေးဘူးပဲ။ တစ်ခုခုမှာစားကြမလား။ ကိုယ်လည်း ဘာမှမချက်ချင်တော့ဘူး"
ရဲဆက် က တိတ်ဆိတ်နေမြဲ။ ဒါ အေဒရီယန်လွမ်း၏ သည်းခံနိုင်မှုကို လာစမ်းတာပေါ့လေ။
"ရဲဆက်!!"
အသံကိုမြှင့်ပြီး ခေါ်လိုက်တော့ ရဲဆက်တော့မသိ၊ Simba ပင်လန့်ပြီး ငုတ်တုတ်ထိုင်သွား၏။ ဒါပဲလေ.. အေဒရီယန်လွမ်း၏ သြဇာအာဏာဟာ ဒီလိုပဲဖြစ်နေရမယ်။ အောင်နိုင်သူအပြုံးနှင့် ရဲဆက်ကိုလှည့်ကြည့် လိုက်တော့ တုတ်တုတ်မျှမလှုပ်။ အေဒရီယန်လွမ်း စိတ်ထဲ စိတ်မရှည်မှုတို့အစား ပူပန်မှုတို့က ရုတ်ချည်း အစားထိုးသွား၏။ ရဲဆက်.. ဒဏ်ရာက နာလွန်းပြီး သတိပြန်မေ့နေသလား။
အချိန်မဆွဲအားဘဲ ရဲဆက် အနားသို့ အလင်း၏အလျင်ဖြင့် ပြေးသွားကာ နဖူးကို အသာထိကြည့်မိသည်။ ပူတော့ပူမနေပါ၊ သို့သော် စိတ်ထင်၍ပဲလား.. နွေးနေသလိုပဲ။ မျက်မှောင်ကျုံ့ကာ မျက်လုံးမှိတ်ထားသော ရဲဆက်ကို လှုပ်နှိုးကြည့်ရ၏။
BẠN ĐANG ĐỌC
Pixie Dust
Lãng mạnအေဒရီယန်လွမ်း ဆိုတဲ့ ရုပ်ချောချော သရုပ်ဆောင်ချာချာမင်းသားနဲ့ ရဲဆက် ဆိုတဲ့ လက်ရွေးစင် ဘောလုံးသမား တိုက်စစ်မှူးလေးတို့ရဲ့ နတ်သမီးပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးပါပဲ။ Pure Romantic-Comedy Story by Mon Shwe Yee (ဒရာမာ ထရော်မာမပါအောင်ဂရုစိုက်ထားပါသည်။ သို့သော်...