#PixieDust #3
![]()
¡Ay! Esta imagen no sigue nuestras pautas de contenido. Para continuar la publicación, intente quitarla o subir otra. အေဒရီယန်လွမ်း၏ အိပ်မက်ထဲသို့ ကျူးကျော်နယ်ချဲ့စိုးမိုးလာသော ပေါင်တံကြီးများအကြောင်းကို မည် သူ့ကို မည်သို့စတင်ပြောပြရမည်လဲ မသိ။ ကိုဉာဏ်တစ်ယောက်က နီးနီးစပ်စပ်ရှိသည်မှန်၏။ သို့သော် ပြောပြ၍တော့မဖြစ်သေး။ အေဒရီယန်လွမ်းက လူချစ်လူခင်ပေါသည်ဟု ကြွေးကြော်ထားသမျှ ကိုယ် ကြိုက်သည့် ပေါင်တံများအကြောင်း ပြောစရာလူမရှိသည်ကတော့ သိက္ခာကျစရာကောင်းပါသည်လေ။
"ငါ့ဘဝကလည်း တော်တော်အဖြစ်ဆိုးနေပြီ။ ဘာလဲ.. မင်းကို ငါသိပ်ကြည်တာမဟုတ်ဘူးနော် ကြည့်လုပ်"
တကယ်လည်း Simba က ရဲဆက်၏ ပေါင်တံများကို ကျူးကျော်စီးမိုးခဲ့တာမဟုတ်လား။
Simba ကိုမျက်စောင်းထိုးတော့ Simba က မျက်နှာလေးငယ်သွားရင်း ဇက်ကလေးပုသွား၏။ ထိုသို့ သနားစဖွယ်မျက်နှာပေးကိုမြင်တော့လည်း လက်ထဲမှ ကြက်ပေါင်တုံးလေးကို ဖဲ့ကျွေးမိပါသည်လေ။ ကိုယ့်သားကိုယ် ပြန်ဂျေနေရတာ သိပ်တော့မဟုတ်သေးပါဘူးဟု ကိုယ့်ကိုယ်ကိုယ်လည်း နားချရသည်။
"တကယ်တော့လည်း သူ့ကိုသိပ်ကြိုက်လှတာတော့မဟုတ်ပါဘူး။ လူဆိုတာ ကိုယ်နဲ့ မတူတာမြင်တော့ နည်းနည်း စိတ်ဝင်စားမိရုံပါ။ မင်းဖေဖေရဲ့ taste က ဒီလောက်ဆိုးလှတာမဟုတ်ပါဘူးကွာ နော် ငါ့သား"
Simba ကတော့ ကြက်ပေါင်သားလေးရလိုရဦးငြား လျှာလေးတန်းလန်းဖြင့် ရပ်စောင့်နေ၏။ သူမသိချင် ဟန်ဆောင်လိုက်ရင်း ပေါင်တုံး ဒဿနများ ထပ်ဖွင့်နေမိသည်။
"တကယ်တော့လည်း ဘောလုံးသမားဆိုတာကတော့ ဒီလောက် ကြွက်သား ဒီလောက် အဖုအထစ်တော့ ရှိမှာပဲ။ ရော်နယ်ဒိုမှာလည်းရှိတာပဲ။ မက်ဆီမှာလည်းရှိမှာပဲ။ ငါလည်း ငယ်ငယ်ကတည်းက ကန်ခဲ့ရင် ဒါ မျိုးရှိနေမှာပဲ။ ဟို နည်းပြအဘိုးကြီးတောင်ငယ်ငယ်ကရှိခဲ့မှာပဲ။ အေး.. ဘာမှထူးခြားတာမဟုတ်တာကြီး ကို စိတ်ထဲဘာလို့စွဲနေရတာလဲ။ ဘာဖြစ်လို့လဲဆိုတော့.. အေးကွာ.. ဘာဖြစ်လို့လဲဆိုတာသိရင် မင်းဖေဖေ ဘယ်ဟုတ်တော့မလဲ။ မသိလို့ မင်းကိုမေးတာပေါ့ဟ"

ESTÁS LEYENDO
Pixie Dust
Romanceအေဒရီယန်လွမ်း ဆိုတဲ့ ရုပ်ချောချော သရုပ်ဆောင်ချာချာမင်းသားနဲ့ ရဲဆက် ဆိုတဲ့ လက်ရွေးစင် ဘောလုံးသမား တိုက်စစ်မှူးလေးတို့ရဲ့ နတ်သမီးပုံပြင်ဆန်ဆန် ဇာတ်လမ်းလေးပါပဲ။ Pure Romantic-Comedy Story by Mon Shwe Yee (ဒရာမာ ထရော်မာမပါအောင်ဂရုစိုက်ထားပါသည်။ သို့သော်...