16: Finding Nemo

719 117 13
                                    

#16 #PixieDust

တကယ်တမ်းတွင်တော့ ချစ်ခြင်းရေးရာမှာ သူက ကိုယ့်ကိုကြိုက်သည်ဆိုလျှင် ပြီးရောပေါ့ဟု ယူဆထား သည့်အထဲ အေဒရီယန်လွမ်းက ထိပ်ဆုံးကပါခဲ့ဖူးသေးသည်။ ဤသည်ကလည်း ကိုယ့်ရုပ်ရည်က သာမန် ကာလျှံကာ ပါချီပါချက် ရုပ်ရည်မျိုးဟုတ်မနေ။ ထိပ်တန်း စူပါ ရုပ်ရည်ဖြစ်နေသည်မဟုတ်လား။ ကိုယ့်လို ရုပ်ရည်မျိုးကို ချစ်သူရည်းစားအဖြစ် တွဲခွင့်ရသောသူသည် အလွန်အင်မတန်ကံကောင်းသည်ဟု ခံစားရ ကာ အလွတ်မပေးတမ်းတွဲလောင်းလေးလိုက်ကပ်နေလျှင်ပင် မလုံလောက်ဟု တွေးဖူးသည်။ သို့သော်...။

လူနှစ်ယောက်အတူရှိဖို့က ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်ရတော့မည်ထက် ခက်ခဲကြောင်း သိ လာရသည်။ အထူးသဖြင့် တစ်ဖက်လူက ကိုယ်နှင့် နည်းနည်းမှ အကြိုက်မတူသောအခါတွင်ပေါ့။

"အစ်ကိုရာ.. ကျွန်တော့်ဖို့ ဖိနပ်ဝယ်လာပေးတာကျေးဇူးတင်ပါတယ်။ ကျွန်တော် ကြိုက်လည်းကြိုက် တယ်လေနော်။ ကျွန်တော် တန်ဖိုးထားမှာပါ"

ထိုစကားကိုပဲ ကြားရသော ပရိသတ်အပေါင်းသူတော်ကောင်းတို့က အေဒရီယန်လွမ်းသည် ရစ်ထုပ်ကြီး လုပ်ကာ ရဲဆက်ကို ပြဿနာရှာနေပြီပဲဟု ထင်မြင်ကြလိမ့်မည်။ တကယ့်ပြဿနာကိုတော့ ပရိသတ်ကြီး သိမည်မဟုတ်။

"မင်း ခုနက ပြောတုန်းက အဲဒီလိုမဟုတ်ပါဘူး။ မင်း ခုနကပြောတာ ဘာတဲ့။ သိမ်းထားရတော့မှာပဲ ဆိုပြီး လေ။ ငါ့ကို အသက်ကြီးပြီဆိုပြီး မနှပ်ချနဲ့နော်။ မင်းထက်နားပါးတယ်"

ရဲဆက်က ခေါင်းခါရင်း အနားမှာလာထိုင်ကာ လက်ကို လာကိုင်၏။ ထိုသို့ ချော့တိုင်းပျော့မည်ထင်လား။

"ကျွန်တော့်အစ်ကိုက ဘယ်မှာအသက်ကြီးလို့လဲ။ ဒီလောက်ငယ်ငယ်နုနုလေးကို အသက်ကြီးပြီလို့ ဘယ်သူက ပြောတာတဲ့လဲ။ အစ်ကို နားပါးတာတော့ ကျွန်တော်လက်ခံပါတယ်"

"တွေ့လား"

"တွေ့ပါတယ်။ ခဏလေး ဖြေရှင်းချက်ကိုနားထောင်ဦးလေ။ အစ်ကိုဝယ်လာတဲ့ ဖိနပ်ကို ကျွန်တော် ဘောလုံးကန်နေတုန်း သုံးလို့မရဘူးဆိုတာ သိလား။ ကျွန်တော်တို့ အသင်းကို စပွန်ဆာပေးတဲ့ ကုမ္ပဏီက ဆင်တာပဲဝတ်ရမှာ။ အဲဒါကြောင့် အပြေးလေ့ကျင့်ရင် သုံးမယ်လို့ ရည်ရွယ်ပေမဲ့ အဲဒါကလည်း အချိန်တစ်ခုတော့ ကြာဦးမှာလေဗျာ။ ကျွန်တော့်ခြေထောက်ဒဏ်ရာပြန်ကောင်းလာရင် ပြေးမှာပေါ့"

Pixie DustDonde viven las historias. Descúbrelo ahora