11 : Beauty & the Beast

613 115 28
                                    

#MonShweYee #PixieDust #11

Simba ရောက်လာချိန်မှာတော့ ရဲဆက်က အိပ်ရာထဲ မှောက်ခုံကြီးဖြစ်နေပြီ။ အေဒရီယန်လွမ်းမှာ ကိုယ့် crush လေးကို ကြည့်ရင်း သနားသွား၏။ ပင်ပန်းနေရှာမှာ။ ထို့ကြောင့် Simba ကိုပင် တိုးတိုးနေခိုင်းလိုက် သေးသည်။ Simba ကတော့ အေဒရီယန်လွမ်းကိုရော ရဲဆက်ကိုရော စိတ်ကောက်ပြီး အသံပေါင်းစုံဖြင့် ဆန္ဒပြလျှက်ရှိ၏။ ဟုတ်တော့လည်းဟုတ်သည်၊ ယနေ့တနေကုန်နီးပါး သူ့ကိုထားသွားခဲ့သည်ကိုး။

"ဟ.. တိုးတိုးနေပါဆို။ မင်းဒယ်ဒီအိပ်နေတယ်လို့။ ပြောမရရင် ငါပါဝင်အူမှာနော်"

ရဲဆက် အိပ်ပျော်နေသည်အထင်နှင့် ခပ်ကြိတ်ကြိတ်ပြောနေတုန်း ရှိုက်ရယ်သံတစ်သံကြားလိုက်ရ၍ မော့ ကြည့်တော့ အနှီ crush က မိမိတို့သားအဖကို ကြည့်ပြီးရယ်နေသည်လေ။

"ဘာလဲ၊ မင်းအိပ်နေတယ်ထင်တာ"

"ကျွန်တော် မအိပ်ပါဘူး။ စဉ်းစားနေတာ"

"ဘာကိုတုန်း"

"ဒီနေ့ ပွဲအကြောင်းလေ။ ကျွန်တော် ဘယ်နားမှာ အမှားလုပ်ခဲ့လဲ.. ဘယ်နေရာတွေလွတ်သွားလဲ ဆိုတာ မျိုးပေါ့"

အေဒရီယန်လွမ်း မျက်မှောင်ကျုံ့မိသွား၏။

"ဟ.. မင်းနိုင်တယ်လေ။ ဂိုးတွေလည်းသွင်းတာကို။ အဲဒါတွေ စဉ်းစားနေတော့ ခေါင်းပူတာပေါ့"

"ကျွန်တော့်အတွေးထဲမှာ ခေါင်းပူတာလျော့စေမယ့် ရွှေရင်အေးလေးရှိပါတယ်ဗျ"

ရဲဆက်က ပြောပြောဆိုဆိုနှင့် စားပွဲနားသို့ လျှောက်သွားလိုက်ပြီး ပရိုတိန်းရှိတ်ခ် တစ်ဘူး ဖျော်သောက် နေ၏။ အေဒရီယန်လွမ်းမှာသာ အဝိုင်းလည်တုန်း။

"ခေါင်းပူတာလျော့စေမှာဆိုမှတော့ ရွှေရင်အေးဘယ်ဟုတ်မလဲ။ ရွှေခေါင်းအေးပေါ့ ဟိဟိ"

ရဲဆက်မှာ ပရိုတိန်းဘူးမော့သောက်နေတုန်း ဖူးခနဲ ဖြစ်သွားရရှာသည်။ ဒီလိုလည်း ချစ်စရာကောင်းသား ဟု အေဒရီယန်လွမ်း စိတ်ထဲမှတ်ချက်ချမိ၏။ ဘယ်လိုနေနေကို ကြည့်ကောင်းတာပါလေ။

"အစ်ကို့အလှည့်မှပဲ ကြားဖူးတော့တယ်.. ရွှေခေါင်းအေး ဆိုတာ။ ကြံကြံဖန်ဖန်ဗျာ"

Pixie DustNơi câu chuyện tồn tại. Hãy khám phá bây giờ