2 : The Emperor's New Groove

909 161 31
                                    

#PixieDust #2

ဇာတ်လမ်းရိုက်ကူးရေးအတွက်က နိုင်တင်းဂွမ်တင်း ခေတ်ကိုအခြေခံမည်ဖြစ်၍ အေဒရီယန်လွမ်းမှာ ဖက်ရှင်အတွက် ဝင်စွက်ဖက်၍မရဘဲ ဒီဇိုင်နာဆင်ပေးသည့် ပုံတုံးများကိုသာဝတ်ရသည်။ ဘောလုံးကန် ဝတ်စုံမှာလည်း ထိုခေတ်က Adidas/Nike တို့ကို မြန်မာအသင်းက မဝတ်နိုင်သေးဟု ဆိုသဖြင့် ရှေးဆန် ဆန် ဂွတီးဂွကျ အားကစားဝတ်စုံဝတ်လာရ၏။ အဝတ်အစားလဲပြီးမှ ဘောလုံးကွင်းထဲခြေချလိုက်တော့ လေ့ကျင့်ရေးဆင်းနေသည့် ဘောလုံးသမားအစစ်များ၏ မနှစ်မြို့သောအကြည့်များကို ရင်ဆိုင်လိုက်ရပြီ။ သို့သော် ကိုယ်က မင်းသားမဟုတ်လား။ ကြိုက်သူ၊မကြိုက်သူရှိမည်ပဲဖြစ်၍ အေဒရီယန်လွမ်း သိပ်တော့ ဂရုမစိုက်ဖြစ်ပါ။ ပရိုဂျူဆာ၊ ဒါရိုက်တာတို့နှင့် ရင်းနှီးသည့် ဘောလုံးအသင်းနည်းပြကြီးကတော့ ကြိုဆိုရှာ ပါသည်။

"အေးကွယ်။ စံလွမ်းခေတ်ဆိုတာ တကယ်ရှိခဲ့တာကိုးကွ။ မောင်အေဒရီယန်လွမ်း လိုအပ်တာတွေကို ဆရာတို့ ကူညီမှာပါ။ စံလွမ်းက တိုက်စစ်မှူးဆိုတော့ ဂိုးသွင်းတာ သိပ်တော်တာပဲကွ။ မင်း နားလည်အောင်ပြောရရင် သူ့ခြေထောက် ကန်အားက သိပ်ပြင်းတယ်။ အဲဒီလို အားမာန်အပြည့်နဲ့ ကြုံးပြီး ကန်ပစ်ဖို့တော့လိုတယ်။ အေးလေ၊ သရုပ်ဆောင်တာဆိုတော့လည်း လိုတာတွေရှိမှာပေမဲ့ ဆရာတို့က လည်း သင်ပြပေးမှာပါ"

ကြုံးကန်ရမယ့်ကိစ္စအတွက် အေဒရီယန်လွမ်း ကိုယ့်ခြေထောက်ကိုယ်ပြန်ကြည့်လိုက်မိသည်။ သိပ်တော့ မအိုကေဘူးဟု တွေးမိလာခဲ့၏။ အေဒရီယန်လွမ်းခြေထောက်များက မည်သို့မျှ ဘောလုံးသမားနှင့် မတူ ပါ။ မသက်ဆိုင် ဟုဆိုလျှင် ပိုမှန်မည်။ ဖြူနုသွယ်လျသော ခြေထောက်များနှင့် ကန်အားပြင်းသော တိုက်စစ်မှူး...။ အေဒရီယန်လွမ်း အနည်းငယ် နောင်တရစပြုလာသည်။ ယခုအချိန်ပြန်ထွက်လျှင်တော့ မီဦးမည်ထင်သည်။ ထိုစဉ် အေဒရီယန်လွမ်း၏ မြင်ကွင်းထဲဝင်လာသည်က တောင့်တင်းသန်မာသော ကြွက်သားများဖြင့် ခပ်ကြမ်းကြမ်းခြေထောက်တစ်စုံ။ ကြွက်သားစိုင်များက ဖုထစ်နေပြီး ခြေအိတ်ရှည်နှင့် တွင်ပင် အလွန်ကြည့်ကောင်းလွန်းသည်။ ထို့ပြင် ဘောကန်ဘောင်းဘီနှင့် လိုက်ဖက်လွန်းသည်ဟု ထင် မိ၏။ ဘောလုံးသမားက ဘောကန်ဘောင်းဘီနှင့်လိုက်ဖက်မည်ကိုတော့ သိပါသည်။ သို့သော် ဤ ပေါင်တံကြီးက ပိုပြီး လိုက်ဖက်နေသည်။ ဤမျှ ဆွဲဆောင်မှုရှိသော ပေါင်တံပိုင်ရှင်က မည်သူများပါလိမ့်။

Pixie DustDove le storie prendono vita. Scoprilo ora