10 : UP

666 123 25
                                    

#PixieDust #10

ရဲဆက်အတွက် ဒီနှစ် အဖွင့်ပွဲစဉ်ဖြစ်၍ အရေးကြီးသကဲ့သို့ တစ်ယောက်သောသူကို ကိုယ်တိုင်ကိုယ်ကျ ဖိတ်ကြားထားခဲ့သောကြောင့် ယနေ့ ပွဲကို နိုင်အောင်ကန်မည်ဟု စိတ်သွင်းထားပြီးသားဖြစ်ပါသည်။ သို့သော် အသင်းဖော်တစ်ယောက်၏ အမှားကြောင့် တစ်ဖက်အသင်းကို ဦးဆောင်ဂိုး ပေးလိုက်ရသော အခါ စိတ်ထဲ အနည်းငယ် ဖိအားရှိသွား၏။ ထို့ထက်ပိုဆိုးသည်က ပွဲကြည့်စင်ထက်တွင် ဂိုးဟု လက်ခုပ် တီး အားပေးနေသော ပရိသတ်ထဲ ရဲဆက်၏နှလုံးသားလေးလည်း ပါနေသောကြောင့်ပင်။ ၇ နှစ်မှစ၍ ဘောလုံးကန်လာသူဖြစ်၍ ပြင်ပဖိအားမသက်ရောက်စေရန် လေ့ကျင့်သင်ကြားခံခဲ့ရသော်လည်း ကိုယ် သဘောကျနေသည့်သူက တစ်ဖက်အသင်းကို အားပေးနေသည်ဆိုလျှင်တော့ မတူသော အကြောင်းအရာ ဖြစ်သွားပြီ မဟုတ်လား။ မည်မျှထိန်းထိန်း မျက်နှာထက်မှာ စိတ်ရှုပ်မှုကို ဖော်ပြမိလျက်သားဖြစ်သွား တော့ နည်းပြကခေါ်ဆူ၏။

"ရဲဆက်.. တစ်ဂိုးပေးရတာ ဘာမှမဖြစ်ဘူးလေ။ သွား.. အကောင်းဆုံးကန်။ ဘယ်ဖက်ထောင့်က ပေါက် နေတယ်။ အဲဒီကနေ ဘောလုံးဆွဲပြေး"

နည်းပြ မပြောလည်း ရဲဆက်တစ်ယောက် ဤပွဲကို ရေကုန်ရေခမ်းကန်တော့မည်ဟု ဆုံးဖြတ်ပြီးသား ဖြစ် ပါသည်။ သူ ဂိုးသွင်းရမည်။ သူ နိုင်ရမည်။ ဒီပွဲမှာ ကိုနေ့သစ်ဆက်ရှေ့မှာ သူနိုင်ရမည်။ ပွဲကြည့်စင်ပေါ်ကို နောက်တခါလှည့်ကြည့်ချိန်မှာ ကိုနေ့သစ်ဆက်က သူ့အတွက် အောင်ပွဲခံနေရမည်ဟု ကိုယ့်ကိုယ်ကိုယ် ကတိထားပေးလိုက်ပြီးနောက် လုံးဝ ပွဲကြည့်စင်ဘက်ကို မကြည့်ဘဲ ကွင်းထဲမှာသာ အာရုံစိုက်ဖြစ်နေ သည်။

ရဲဆက်၏ လျင်မြန်နှုန်းကို တခြားသော စီနီယာများက မယှဉ်နိုင်ပါပေ။ သို့သော် ယနေ့ပွဲမှ တစ်ဖက် အသင်း ဂိုးသမားကလည်း လက်စွမ်းပြနေသောကြောင့် ရဲဆက် ကန်သွင်းသမျှက ဂိုး မဖြစ်လာသေး။

ပထမပိုင်း ပြီးချိန်တွင် ၁-၀ ဖြင့် ရှုံးနေသဖြင့် ရဲဆက် အတော်မကျေမနပ်ဖြစ်မိသည်။ နည်းပြနှင့် အသင်း ခေါင်းဆောင်အပါအဝင် တခြားကစားဖော်များက အနိုင်ပြန်ရရန်ဆွေးနွေးရင်း ရဲဆက်ကိုလည်း စိတ် တည်ငြိမ်စေရန် နားချကြသည်။

Pixie DustWhere stories live. Discover now