Chapter 3

2.2K 214 5
                                        

Uni

အန်တီမြတ်က ဘယ်သူလဲ

အန်တီမြတ်ဟာ သူ လွမ်းမိမှာစိုးလို့ ဖုံးဖိထားခဲ့တဲ့ အတွေးတွေရဲ့ မြစ်ဖျားခံရာပဲ။ တကယ်တော့ အဲ့တာ အန်တီမြတ်ရယ်လို့လည်း မဟုတ်ပါဘူး။ တကယ့်အစက အဲ့ဒီကောင် ဘန်ဘန်ပဲထင်တယ်။

ဘန်ဘန်က အန်တီမြတ်ရဲ့သား။ သူ့ငယ်သူငယ်ချင်း၊ သူ့အိမ်နီးနားချင်းကောင်လေး။ ဘန်ဘန့်နာမည်အရင်းကို သူ မမှတ်မိတော့ဘူး။ ဘန်ဘန်က ပိန်ပိန်ပါးပါး အသားဖြူဖြူနဲ့ မျက်လုံးသိပ်လှတဲ့ကောင် ဆိုတာပဲ သူ မှတ်မိတော့တယ်။ ဘန်ဘန့်မျက်လုံးတွေကတော့ သိပ်ကိုလှတာ။ ခပ်ဝိုင်းဝိုင်း မျက်ဝန်းကြီးတွေထဲက မျက်တောင်လေးတွေ ကော့ညွတ်ထွက်လာပုံက မိန်းကလေးတွေထက်တောင် ပိုလှသေး။ ဒါကြောင့်လည်း အဲ့ဒီမျက်ဝန်းတွေကို သူ ခုထိ မှတ်မိနေသေးသလားမသိပါဘူး။

မှတ်မှတ်ရရ အဲ့မျက်ဝန်းတွေကို သဘောကျလို့ သူနဲ့ဘန်ဘန် သူငယ်ချင်းဖြစ်ခဲ့တယ်။ တကယ်တော့ အဲ့ဒီဆက်ဆံရေးမှာ အနိုင်ကျင့် ဗိုလ်ကျခဲ့သူက သူပါပဲ။ ဘန်ဘန်က သူ့ကိုသည်းခံပေးရှာတယ်။ ဘာလုပ်လုပ် စိတ်ဆိုးသွားတာမျိုးရှားတယ်။ ဘန်ဘန်က သူ့ကို အနစ်နာခံတယ်။ မုန့်လည်း ခဏခဏယူလာကျွေးတတ်တယ်။

ဘန်ဘန်က ဉာဏ်ကောင်းပြီး စကားသိပ်မပြောဘူး။ ဘန်ဘန်တို့ အန်တီမြတ်တို့အိမ်က အကျယ်ကြီးပဲ။ ကစားစရာတွေလည်း အများကြီးရှိတယ်။ အန်တီမြတ်တို့လင်မယားက ရှေ့နေလုပ်တာမို့ ဘန်ဘန့်အနား သိပ်မနေနိုင်ဘူး။ ဒါကြောင့် ဘန်ဘန်က သူ့ကိုခင်တယ်။ ဘန်ဘန်တို့အိမ်နဲ့ သူ့အိမ်က လူတွေလည်း အချင်းချင်းခင်ကြတာပါပဲ။

သူ ဘန်ဘန့်အကြောင်း မှတ်မိတာဆိုလို့ ဒါအကုန်ပါပဲ။ ခုနေမျက်လုံးမှိတ်လိုက်ရင် ခပ်လှလှမျက်ဝန်းကလွဲလို့ ဘန်ဘန့်ရဲ့သွင်ပြင်ကို သူမေ့နေခဲ့တာ ကြာပါပြီ။ မေ့ဆို... သူ ဆယ်နှစ်သားမှာ ဘန်ဘန် မရှိတော့ဘူးလေ။

ဘန်ဘန်က နေမကောင်းဖြစ်ပြီး သေသွားတယ်။ သူ ဘယ်အချိန်တွေးတွေး အဲ့ဒီညကို မှတ်မိနေတုန်းပဲ။ အဲ့ဒီညက မိုးတွေသည်းသည်းထန်ထန်ရွာပြီး သူတို့အားလုံး ဆေးရုံကို ရောက်နေကြတယ်။ ဘန်ဘန်က နေမကောင်းဘူးလေ။

ဒုတိယမြောက် တနင်္လာ (Completed)Where stories live. Discover now