Chapter 2

1.4K 147 5
                                    

Uni

"အိပ်မက်ဆိုးတစ်ခုကို ရှောင်ဖို့ အကောင်းဆုံးနည်းက ဘာလဲ"

"အိပ်မပျော်သွားဖို့ နေမှာပေါ့"

"အကယ်၍ မအိပ်ဘဲနေခဲ့ရင် အဲ့အိပ်မက်က အပြင်လောကကို ရောက်လာခဲ့ရင်ရော..."

မနက်ခင်းရောက်နေပြီဖြစ်သော်ငြား ပြတင်းပေါက်၌ ကာထားသော လိုက်ကာတို့ကြောင့် ‌နေအလင်းရောင်သည် အခန်းထဲသို့ ရောက်လာခြင်းမရှိသေး။ သို့သော် တစ်ခန်းလုံး လင်းအောင်ထွန်းထားသော မီးတွေကြောင့် ကုတင်ပေါ်မှာအိပ်ပျော်နေဆဲဖြစ်သည့် ကောင်လေးကို ရှင်းလင်းစွာ မြင်နေရသည်။

ကောင်လေးသည် ညအိပ်ဝတ်စုံတစ်ထည်ဝတ်ဆင်ထားကာ ကုတင်ပေါ်၌ အိပ်ပျော်နေသည်။ သို့သော် သူ့အိပ်စက်ခြင်းက ပုံမှန်ဟုတ်ဟန်မရ။ ဝေဒနာတစ်ခုကို ခံစားနေရသလိုမျိုး ကောင်လေးက တအင်းအင်း ညည်းနေသည်။

သူ၏ခန္ဓာကိုယ်လေးသည် တွန့်လိမ်ကောက်ကွေးနေကာ လက်များက မသိစိတ်အလျောက် မွေ့ရာအသားကို ခပ်တင်းတင်းဆုပ်ကိုင်ထားရသည်။ ကုပ်ကွေးနေသော မျက်ခုံးတန်းတို့အောက်မှ မျက်ဝန်းများက မျက်ရည်များ မကြာမကြာစီးကျလာသေးသည်။

"အင်းဟင်း မ..မလုပ်ပါနဲ့"

ကောင်လေးသည် ခပ်တိုးတိုးညည်းတွားရင်းပင် တစ်စုံတစ်ခုအား ခံစားနေရသည့်အတိုင်း သူ့ခန္ဓာကိုယ်အား ကွေးပစ်လိုက်သည်။ သို့သော် သူ့ဝေဒနာက သက်သာသွားဟန်မရ။ မျက်နှာတစ်ခုလုံးသည် ပန်းနုရောင်သမ်းနေကာ နှဖူးဆီမှချွေးများက မွေ့ရာပေါ်စိမ့်ဝင်သွားပြီဖြစ်သည်။ မွေ့ရာကို ကုပ်ထားသော လက်များက နည်းနည်းလေးမှ ပြေလျော့မသွား။

"ဟင့်.. ဟင်း"

အတန်ကြာအောင် ‌တွန့်လိမ်ကွေးကောက်နေပြီးမှ ကောင်လေးခန္ဓာကိုယ်က ညည်းသံတိုးတိုးနှင့်အတူ ပြေလျော့သွားသည်။ မွေ့ရာပေါ်လှဲနေရင်း မောဟိုက်နေသော ကောင်လေးသည် နိုးမလာသေး။ အိပ်မက်ထဲ၌ပဲ အတန်ကြာအောင် ပိတ်မိနေဟန်တူသည်။

နှိုးစက်သံက စောစောစီးစီးထွက်ပေါ်လာကာ နောက်တစ်ကြိမ်အိပ်ပျော်လုဆဲဆဲကောင်လေးကို လှုပ်နှိုးလိုက်သည်။

ဒုတိယမြောက် တနင်္လာ (Completed)Tempat cerita menjadi hidup. Temukan sekarang