Chapter 13

2.1K 211 12
                                        

Uni

အိမ်တံခါးကို ဆွဲဖွင့်ပြီးနောက် အန်တီမြတ်အခန်းထဲရောက်အောင် သူ ဝရုန်းသုန်းကား ပြေးသွားလိုက်သည်။ နေ့လယ်ခင်းဖြစ်၍ တစ်အိမ်လုံးမှာ ကြောက်စရာမရှိဟု သူယူဆသည်။ ထို့ကြောင့်လည်း အန်တီမြတ်အခန်းကို မွှေနှောက်ရှာဖို့ သူ နှစ်ခါမစဉ်းစားခဲ့ရ။

သေတ္တာသည် ဗီရို၏ အတွင်းအကျဆုံးဘက်မှာရှိနေခဲ့သည်။ အန်တီမြတ် ဒါကို ဘယ်မှာထားလဲဆိုတာ သူ မှတ်မိနေခဲ့၍ တော်သေးသည်။ ရှာရတာ သိပ်အခက်အခဲမရှိ။ သုတက လွတ်မြောက်ဖို့ မစောင့်နိုင်တော့သလိုမျိုး သေတ္တာကိုဖွင့်ကာ ပြာပုလင်းကိုယူ၍ မြစ်ထဲမျှောလိုက်ဖို့ မစောင့်နိုင်တော့။

သို့သော် သေတ္တာကိုအဖွင့်မှာ သူ့တစ်ကိုယ်လုံး အေးစက်သွားရသည်။ အကြိမ်ကြိမ်ခံစားခဲ့ရသော မျှော်လင့်ချက်ပျက်သုဉ်းသည့် ခံစားချက်ကြီးကို သူ တအားမုန်းသည်။

သေတ္ထာထဲမှာ လက်စွပ်ဘူးလွတ်နှစ်ခုပဲရှိသည်။ ပုလင်းရာရှိသော်ငြား ပုလင်းက မရှိတော့။ သူ မလာခင်လေးတင် တစ်စုံတစ်ခု၏ ဖြတ်ယူသွားခြင်းကို ခံလိုက်ရသည်ဟု သုတ ထင်မိသည်။ ဒေါသနှင့် မခံနိုင်ခြင်းတို့ ပေါင်းကာ ဧည့်ခန်းဆီကိုသာ ထွက်လာခဲ့လိုက်သည်။

ဧည့်ခန်းမှာ ဘန်ဘန်ငယ်ငယ်က ဓာတ်ပုံအကြီးကြီးရှိသည်။ တောက်ပသည့်မျက်ဝန်းများနှင့် ဘန်ဘန်က သူ့ကို အမြဲစောင့်ကြည့်နေသလို အသက်ဝင်ပြီး မာန်ပါလှသည်။

"ဘန်ဘန်"

သုတက ထိုဓာတ်ပုံကိုကြည့်ရင်းပြောသည်။ သူ့မျက်ဝန်းမှာ မျက်ရည်စတွေနှင့်ဖြစ်ပြီး ဒေါသကြောင့် ချွေးစေးတွေပျံနေသည်။ ဖြူဖျော့ဖျော့ကောင်လေးတစ်ယောက် ဒီလိုပျာယာခတ်နေပုံမှာ သနားစရာတော့ကောင်း၏။

"မင်း ဘာဖြစ်ချင်နေတာလဲကွာ တကယ်ပဲ ဘာလို့ ငါ့ကို ဒီလိုလုပ်ရက်ရတာလဲ။ ငါရောမင်းရောက အတင်းချည်‌ေနှာင်ပေးခံရတာလေ။ ငါ ဒီကိစ္စကိုဖြေရှင်းပြီး မင်းကို အမျှဝေပေးမယ်။ မင်းရော ဒီလိုဘဝမှာပဲ အမြဲနေချင်လို့လား။ ငါတို့နှစ်ယောက်က တစ်ဘဝစီပဲ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဘာလို့ မင်းက မင်းလမ်းကိုမင်း မသွားရတာလဲ"

ဒုတိယမြောက် တနင်္လာ (Completed)Место, где живут истории. Откройте их для себя