Final

2.1K 204 47
                                    

Uni

ဆယ့်နှစ်နာရီကျော်တာကို သူ အကြောင်းအရင်းမရှိ ထိုင်စောင့်နေခဲ့သည်။ နာရီလက်တံရှည်သည် ၁၂ကို ဖြတ်ကျော်သွားကာ နောက်တစ်နေ့ရောက်သွားပြီဖြစ်ကြောင်းသက်သေပြသည်။ သုတ လင်းထိန်နေတဲ့ အိပ်ခန်းထဲမှာ ဘယ်လိုမှ မအိပ်နိုင်သေး။

ထိုသူရဲ့ပြာကို သူ သေချာရေမျှောခဲ့ပေမဲ့ သူ့စိတ်ထဲ မလုံမခြုံဖြစ်နေသေးသည်။ ဒီနေ့မှာ မနက်ကတည်းက သူ့စိတ်တွေ ကျီးလန့်စာစားဖြစ်ခဲ့ရတာဖြစ်ပြီး ထိုလူ ရုတ်တရက်ပေါ်လာမှာကို သူ ကြောက်နေခဲ့သည်။ အခုတော့ လတစ်လရဲ့ ဒုတိယမြောက် တနင်္လာကို ကျော်သွားခဲ့ပြီ။ မရှိတော့ဘူး။ အဲ့ဒီသူ တကယ် သူ့ဆီမှာ မရှိတော့ဘူး။

သုတ အသက်ကို ခပ်ဖြည်းဖြည်းရှူရင်း လက်က လက်စွပ်ကို ခပ်ဖွဖွလေးပွတ်သပ်ကြည့်သည်။ သူ့ကို တကယ် သတ်ပြီးခေါ်သွားမှာကြောက်ပေမဲ့ သူ စမ်းသပ်ချင်တာမို့ ဒီလိုပဲလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

တောက်...

လက်စွပ်သည် အခန်းတံခါးနှင့်ထိမှန်ကာ ကြမ်းပြင်ပေါ်သို့ တလိမ့်လိမ့်ကျသွားသည်။ သုတ ကြောက်လန့်တကြီး မျက်လုံးမှိတ်လိုက်ကာ တစ်စုံတစ်ခုပေါ်လာမှာကို စောင့်နေခဲ့သည်။

တစ်မိနစ် နှစ်မိနစ် သုံးမိနစ်...

ဘာမှမဖြစ်လာ။ သူ မျက်လုံးတွေကိုပြန်ဖွင့်ကာ ခဏလောက်ထိုင်နေလိုက်သည်။ ပြီးနောက် ကုတင်ပေါ်ကဆင်း၍ လက်စွပ်ကို ပြန်ကောက်ယူကာ သု့ဘယ်ဘက်လက်မှာပင် စွပ်ထားလိုက်သည်။ နှစ်လရှည်ကြာ ဝတ်ထားသည်မို့ သူ့လက်မှာ အရာတောင်ထင်နေပြီဖြစ်သည်။ ဒီလက်စွပ်မဝတ်ဘဲလည်း သူ မနေတတ်တော့။

သက်ပြင်းချသံ တစ်ချက်ထွက်ပေါ်လာသည်။ ထိုသူမရှိတော့တာ သေချာသွားပြီဖြစ်သည်။ မဟုတ်လျှင် ထိုသူက သူ့ကို တစ်ခုခုလုပ်ဖို့ ဒီညမှာ ပေါ်လာရမည်လေ။

ပြီးဆုံးသွားပြီဖြစ်သည်။ သူ၏ ဒုတိယမြောက် တနင်္လာညတွေ၊ အမှောင်ထုထဲဆွဲသွင်းပြီး အချစ်ခံရတာတွေ၊ အဲ့ဒီကရတဲ့ ကြောက်လန့်ခြင်းနဲ့ စိတ်ဒဏ်ရာတွေ အကုန်ပြီးဆုံးသွားခဲ့ပြီ။ ထို့အတူပင် သူ့ကို ဘယ်သူမှ ကြည့်မနေတော့ကြောင်း သူ ခံစားမိသည်။ အမြဲတမ်းလိုလို ခံစားရတဲ့ ဆံစကနေခြေဖျားအထိ အချစ်ခံရတဲ့ ခံစားချက်လည်း သူ့မှာ မရှိတော့။ ခုနေ လက်ပတ်နီလေးကို ဆုတောင်းရင်တောင်မှ ထိုဆုတောင်းက မပြည့်တော့မှာ သေချာသည်။

ဒုတိယမြောက် တနင်္လာ (Completed)Onde histórias criam vida. Descubra agora