Chapter 14

2.3K 215 12
                                        

Uni

[မင်းလွတ်မြောက်ဖို့အတွက် အများကြီးကြိုးစားရမယ်
ပြေးလွှားရမယ်
သတိရှိရမယ်
မင်း ရန်သူထက် မကြမ်းကြုတ်နိုင်သ၍တော့ မင်းဟာ အလကားပဲ
လွတ်မြောက်နိုင်ဦးမယ်လို့ မင်းတွေးနေတာလား]

"စလိုက်ကြရအောင်"

အိမ်၏တစ်နေရာဟုသာ ယူဆရပြီး ဘယ်နေရာဆိုတာ မသိရသောနေရာ၌ ထိုလူက သူ့ကို လက်ဖြုတ်သွား၏။ လေအေးအေးတွေ ဖြတ်တိုက်သွားတာ သိလိုက်ပြီး သူ့နားသယ်စပ်မှ ဆံစများ လှုပ်ခတ်သွားသော်ငြား ဘာအသံမှ ထွက်မလာသေး။

မှောင်ပိန်းနေသော အမှောင်ထုက အဝတ်စမဟုတ်ဘဲ တခြားတစ်ခုခုက သူ့မျက်လုံးတွေကို ဖုံးကွယ်ထားသလိုပင်။ နည်းနည်းလေးမှ ဖောက်ထွင်းမမြင်ရဘဲ ပိန်းပိတ်နေသည်။

အနောက်ဘက်ဆီမှ ရယ်သံကြားလိုက်ရတာကြောင့် သူ စိတ်လှုပ်ရှားစွာပင် အနောက်ဘက်ကို လှမ်းဖမ်းလိုက်သည်။ သို့သော် သူ့လက်တွေက လေကိုသာထိပြီး ဘာမှ ထိမသွား။

တဖန် ဆည်းလည်းလှုပ်သံကြားရပြန်သည်။ လူတိုက်သွား၍ မြည်သည့်အသံမျိုးမို့ သုတက မမြင်မစမ်းနှင့် ထိုဘက်ကို သွားသည်။ ဘန်ဘန်က သူ့ကိုအသံပေးသည်။ သူက လိုက်ဖမ်းလိုက်စမ်းသည်။ အစပိုင်းတော့ မရဲမဝံ့။ နောက်ပိုင်း သူ အားပါလာသည်။ ဘန်ဘန့်ကို တစ္ဆေတစ်ကောင်လို့ သူ မတွေးမိတော့။

"မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ပါဘူးနော် ဘာလို့မဖမ်းမိရတာလဲ ငါသေချာဖမ်းပါတယ်"

အချိန်တွေက သိပ်ကြာသွားသည်ဟု ထင်ရပြီးနောက် သုတက ခြေပစ်လက်ပစ်ထိုင်ချကာ ပြောလာသည်။ အသားဖြူဖြူကောင်လေးသည် အနက်ရောင်အစကို မျက်လုံးမှာပတ်ကာ ခြေပစ်လက်ပစ်ထိုင်နေသည်။ သူ၏ ချွေးတို့ကြောင့် အသားအရည်က ပျားရည်ရောင်ဖြစ်သွားကာ တပ်မက်ချင်စရာကောင်းလှသည်။

"မင်းကိုက ဖမ်းတာ မတော်လို့ဖြစ်မယ်"

အေးစက်စက်အသံက သူ့အရှေ့တည့်တည့်က ထွက်ပေါ်လာသည်။ ထိုသူ သူ့ကို စိုက်ကြည့်နေမှန်း သူ ခံစားလို့ရနေ၏။

"ဪ ဟုတ်လား"

သုတက ဉာဏ်များချင်သည့်အသံဖြင့် ဟန်ဆောင်ဖြေလာသည်။ သုတအကြောင်းကို အစအဆုံးသိသူမို့ တစ်စုံတစ်ယောက်၏ နှုတ်ခမ်းတွေ ကွေးတက်သွားသည်။ ဒီလိုလေသံနှင့်ဆို သူ့ရှေ့က ကောင်လေး ဘာလုပ်တော့မလဲဆိုတာ သူသိသည်လေ။

ဒုတိယမြောက် တနင်္လာ (Completed)Où les histoires vivent. Découvrez maintenant