Chapter 1

3.3K 225 8
                                        

Uni

(ကျွန်တော် ခင်ဗျားကို ယုံလို့ရလား)

မှောင်မိုက်မိုက်အခန်းလေးထဲ၌ ညအိပ်မီး ပြာလဲ့လဲ့သာ ထွန်းထားသည်။ ကွန်ပျူတာ ကီးဘုတ်ပေါ်၌ လက်သွယ်သွယ်များကို လှုပ်ရှားကာ ပေ့ခ်ျတစ်ခုဆီသို့ စာပို့နေသည့် လူငယ်လေးတစ်ယောက်ရှိ၏။ သူ၏မျက်တောင်ရှည်များသည် ကွန်ပျူတာ မီးရောင်ဟပ်နေကာ စခရင်ဆီ စူးစူးစိုက်စိုက်ကြည့်နေခဲ့သည်။

(ကျွန်တော် အကောင့်တုနဲ့ပို့နေတာဖြစ်ပြီး ခင်ဗျားတို့ကလည်း ဒီလိုရင်ဖွင့်စာလွှာတွေကို လုံလုံခြုံခြုံရင်ဖွင့်လို့ရတဲ့ အဖွဲ့အစည်းပဲ မဟုတ်လား။ ကျွန်တော့်ကို ဘယ်သူမှ မသိပါဘူး ဟုတ်တယ်မလား)

တစ်ဖက်အဖွဲ့အစည်းသည် စာပြန်မလာပေ။ ည၁၂နာရီကျော်ပြီမို့ တစ်ဖက်က လူတွေ နိုးမနေနိုင်မှန်း သူသိသည်။ ထို့ကြောင့်ပင် ဒီအချိန်ကို တမင်ရွေးချယ်ကာ စာပို့ရသည်ပဲ။ အချိန်အတော်ကြာ ဖုံးဖိထားခဲ့ရသည့် သူ့အဖြစ်အပျက်အား ဆက်မြိုသိပ်ဖို့ မတတ်နိုင်တော့သလို သူခံစားရသည်။ ဒါကြောင့်ပင် မလုံမလဲကြောက်စိတ်များကြားမှ ကြံဖန်တိုးထွက်၍ ရင်ဖွင့်ဖို့ စာပို့မိခြင်းပင်။

ပြောလိုက်တော့မည်ဟု တွေးထားပြီးကာမှ ကြောက်ရွံ့နေသည့် စိတ်ကြီးကြောင့် သူ့လက်ချောင်းသွယ်သွယ်တွေ ကီးဘုတ်ပေါ် ခဏနားသည်။ ချွေးစေးအေးအေးတွေထွက်နေသည့် သူ့မျက်နှာသွယ်သွယ်က ညအိပ်မီးရောင်ဖြင့် တစ်မျိုး ထူးဆန်းနေလောက်သည်။

(ကျွန်တော် ပြောဖို့ဆုံးဖြတ်ပြီးပြီ။ ပြောပြီးတာနဲ့ ချက်ချင်း အကောင့်ကိုဖျက်လိုက်မယ်လေ။ ဒါဆို ကျွန်တော်မှန်း ဘယ်သူမှ မသိတော့ဘူး)

ကောင်လေးသည် သူ့ကိုယ်သူ နှစ်သိမ့်သလို စာထပ်ပို့သည်။ ထို့နောက် သူ၏အဖြစ်အပျက်အား ဘယ်က စရေးရမလဲဆိုတာ ပြန်စဉ်းစားသည်။ ပြောချင်ဇောလောကြီးလွန်း၍ သူ ဘယ်ကစပြောရမည်မသိတော့။ ချွေးတွေ လှိမ့်ခနဲစီးသွားတာ သူခံစားလိုက်ရသည်။ မတတ်နိုင်။

(ကျွန်တော် ၁၈နှစ်ပြည့်တဲ့အချိန်ကစပြီး ထူးဆန်းတဲ့အိပ်မက်တစ်ခုကို ဆက်တိုက်မက်ခဲ့တယ်။ အဲ့ဒီအိပ်မက်ကြောင့် ကျွန်တော် တခြားလူတွေအပေါ်မှာ မရိုးမသားချစ်မိတဲ့စိတ်မျိုး ထားလို့မရနိုင်ဘူးဖြစ်နေတာ အတော်ကြာပြီ)

ဒုတိယမြောက် တနင်္လာ (Completed)Onde histórias criam vida. Descubra agora