Chapter 7

1.2K 150 9
                                    

Uni

မနက်လင်းလာသည်။ အေးချမ်းငြိမ်သက်သော ခံစားချက်ကြောင့် သူ အကြာကြီး အိပ်ပျော်နေခဲ့သေးသည်။ သူ နိုးလာချိန် ပြတင်းပေါက်မှ နေအလင်းရောင်က အတော်ကြီး စူးရှနေလေပြီ။

မဟုတ်သေး။

သူ ညက ပြတင်းပေါက်ပိတ်ခဲ့သည်မလား။

အလန့်တကြားဖြင့် ထထိုင်လိုက်တော့ ပုခုံးတစ်ဖက်က စူးခနဲအောင့်သွားသည်။ တစ်ကိုယ်လုံးသည် ကုတင်ပေါ်မှာ ထိုင်နေရင်း အားနည်းကာ ပျော့ခွေနေသည်။

သုတ ကိုယ့်ပုခုံးကိုယ် ဆုပ်ကိုင်လိုက်ရင်း တစ်ခန်းလုံးကို ဝေ့ဝဲကြည့်သည်။ ပြတင်းပေါက်မှ ကန့်လန့်ကာက လှပစွာ လူးလွန့်နေကာ‌ သေချာလော့ချပြီး စားပွဲနဲ့ကပ်ထားခဲ့သော အခန်းတံခါးကပါ ဟင်းလင်းပွင့်လျက်သား။

စားပွဲခုံသည် တံခါးဝမှာတင် လဲကျနေကာ တော်တော်လေး ပျက်စီးသွားပုံပင်။ တဆိတ်... သူ ညက အိပ်ရာပေါ် တက်အိပ်ခဲ့တာမှ မဟုတ်ဘဲ။ အဲ့ဒီလို အခြေအနေကြီးမှာ အိပ်ရာပေါ်တက်ပြီး ဘယ်လိုလုပ် အေးဆေးအိပ်နိုင်မတဲ့လဲ။

သူ ကြက်သီးတဖျင်းဖျင်း ထသွားသည်။ သူခိုးဝင်တာလားလို့ တွေးမိပေမဲ့လည်း လော့ချပြီး တံခါးအကုန်ပိတ်ထားသော အခန်းထဲသို့ ဘယ်သူကမှ အလွယ်တကူဝင်နိုင်မည်မထင်။ နောက်ပြီး တံခါးမကြီးနဲ့ နောက်ဖေးတံခါးကို အဲ့ဒီလူက ဘယ်လိုဖွင့်ဝင်နိုင်မှာမို့လို့လဲ။

တွေးရင်းနှင့်ပင် ပုခုံးက ပိုနာလာသည်ကြောင့် သူ ခြေဗလာနှင့်ပင် သန့်စင်ခန်းက မှန်ကိုပြေးကြည့်လိုက်သည်။ တစ်ညလုံး ကြောက်ရွံ့ခဲ့ရသဖြင့် သူ့ဆံပင်တို့သည် ချွေးများဖြင့် စိုကပ်နေကာ ဝတ်ထားသည့် တီရှပ်ကလည်း ဖရိုဖရဲဖြစ်နေသည်။ အနည်းငယ် ပေါက်သွားသော အင်္ကျီရင်ဘတ်ကို ဆွဲချလိုက်ပြီး ဘယ်နေရာက နာနေတာလဲဆိုတာ သူ စစ်ဆေးလိုက်သည်။

သွားရာကြီး အထင်းသားနှင့် ခရမ်းပုပ်ရောင် အရာကြီးပေါ်လာတော့ သူ တော်တော်ကြီး လန့်ဖျတ်သွားသည်။ သွားရာက အသားပေါက်ထွက်လုနီးနီး နက်တာမို့ တစ်ဖက်လူ၏ ဒေါသကို အတိုင်းသားမြင်နိုင်သည်။ ခရမ်းပုပ်ရောင် အရာကြီး၏ ဘေးဘီဝဲယာတွင် ဟိုဒီပျံ့ကြဲနေသော အနီမှတ်များကိုပါ မြင်ရသည်။

ဒုတိယမြောက် တနင်္လာ (Completed)Où les histoires vivent. Découvrez maintenant