Chapter 10

2.1K 209 7
                                        

Uni

စာဖတ်ပြီးသည့်နောက် သူ့လက်တွေ ဆိုးဆိုးရွားရွား တုန်ယင်နေခဲ့သည်။ သူ အိပ်မက်ဆိုးတွေ မက်လာတာ ၄နှစ်တောင်ရှိပြီဖြစ်ပြီး လနဲ့ပြန်တွက်ရင် ၄၈လတောင် ကြာခဲ့ပြီဖြစ်သည်။ အကြိမ်တိုင်းမှာ ကြောက်ရွံ့ရရင်း ရုန်းကန်ရရင်းနှင့် သူ့လိင်စိတ်ကိုတောင် ဆုံးရှုံးသွားခဲ့တာ ဘယ်လောက်ကြာပြီလဲ။ သူ တခြားတစ်ယောက်ကို ချစ်လို့မရတော့သည်အထိ အဲ့ဒီစိတ်ဒဏ်ရာက ကြီးမားခဲ့သည်။ ဒါကြောင့် ဒါတွေကို ဖန်တီးသည့် တစ်စုံတစ်ယောက်သာရှိခဲ့ရင် သူ သတ်ပစ်ချင်သည်ဟုတောင် တွေးခဲ့ဖူးသည်။

ဒါပေမဲ့ အဲ့ဒီလူက သူ့ကို အမေရင်းလိုချစ်ပေးခဲ့တဲ့ အန်တီမြတ်ဆိုတာ သိလိုက်ရတော့ သူ့စိတ်တွေကျိုးကြေကုန်သည်။ တစ်လတစ်ခါ မက်ခဲ့တဲ့ အိပ်မက်ဆိုးပိုင်ရှင် မကောင်းဆိုးဝါးဟာ သူ့ကို အင်မတန်ချစ်တဲ့ ငယ်သူငယ်ချင်းဖြစ်ပြီး သူ့ကို ဒီလိုဖြစ်အောင်လုပ်ခဲ့သုက သူ့မွေးစားအမေဖြစ်နေသည်။

သူကတော့ ဒါကိုတောင် မသိဘဲ ထိုသူတွေအပေါ် ဘယ်လောက်တောင် ယုံကြည်ခဲ့သလဲ။ သူတို့တွေက သရဲဖြစ်ရင်တောင် သူ့အတွက် အန္တရာယ်မရှိဘူးဟု ယုံမိသည်အထိပင်။ သို့သော် အမှန်တရားကမူ သူ့ကို ဆိုးရွားစွာ နာကျင်စေသည်။

ကလေးဆုံးရှုံးရသည့် မိခင်တစ်ယောက်၏စိတ်ကို သူနားလည်သော်ငြား၊ သူ့ကို ဘန်ဘန့်အစားထိုးအဖြစ်နဲ့ ချစ်ပေးတာကို လက်ခံနိုင်သော်ငြား ဘန်ဘန့်ဝိဉာဉ်ဆက်ရှိနေဖို့ဆိုပြီး ပစ်စလက်ခတ်လုပ်လိုက်တာကိုတော့ သူ ရင်နာသည်။ သို့သော် မုန်းလည်းမမုန်းနိုင်။ အန်တီမြတ်က ဒီလောကမှာ မရှိတော့သည့် လူတစ်ယောက်ဖြစ်သည်။

သုတ တဟီးဟီးငိုချကာ လက်ထဲက စာရွက်ကို လွှတ်ချလိုက်သည်။ စာရွက်သည် လေ၏အလျှင်ဖြင့်လွင့်ဝဲသွားကာ သူရပ်နေသည့် ကမ်းပါးအရှေ့က ရေကန်ကျယ်ကြီးထဲကျဆင်းသွားသည်။

သူ လက်အုပ်ပြီး အားရပါးရငိုသည်။ တစ်ကိုယ်လုံးတုန်ယင်ကာ အလွန်အမင်းဝမ်းနည်းနေသော စိတ်က ရှက်လည်းမရှက်နိုင်တော့။ လပေါင်းများစွာ ကိုယ့်အမေကိုယ်တောင် မပြောရဲဘဲ သိမ်းထားခဲ့ရသည့် အဖြစ်ဆိုး၏ လက်သည်က သူချစ်တဲ့လူပဲဖြစ်နေတာကို တကယ် မယုံနိုင်။ ဒီလိုသာဆို ဘန်ဘန်သူ့ကို ညတုန်းကလိုခြောက်လှန့်ခြင်းက အဓိပ္ပာယ်ရှိသွားသည်။ ဘန်ဘန့်ကျွတ်လွတ်မှုမှာ သူက အဟန့်အတားဖြစ်နေလို့ ဖြစ်ရမည်။

ဒုတိယမြောက် တနင်္လာ (Completed)Nơi câu chuyện tồn tại. Hãy khám phá bây giờ