Chapter 9

2.1K 209 7
                                        

Uni

သူ့သားလေး ဒီလောကထဲမှာ မရှိတော့ပေ။ အရာအားလုံးက ခြောက်သွေ့သွားသလို ခံစားရသည်။ သူ မယုံနိုင်။ မနေ့တစ်နေ့ကမှ ဘေးအိမ်က ကလေးလေးနဲ့ ကစားနေတဲ့ သူ့သားလေးက ဘာလို့ ရုတ်တရက်ကြီး သေသွားရတာလဲ

သူ့လည်ချောင်းထဲမှ အော်ဟစ်ငိုကြွေးလိုက်ချင်ပေမဲ့ ငိုလို့မရ။ သူ့သားအလောင်းကို ယူသွားသည့်အခိုက် သူ့သားနှင့် ဘေးအိမ်က‌ကလေးကြား တင်းခနဲဖြစ်သွားသော အပ်ချည်ကြိုးကို စိမ်းစိမ်းကြီး ငေးစိုက်ကြည့်နေမိသည်။ ထိုကြိုးက အသက်ရှင်သူနဲ့ သေသူကြား ခြားလိုက်သည့် ကြိုးတစ်ချောင်းလို သူ ခံစားနေရသည်။

သေချာစဉ်းစားကြည့်လိုက်လျှင် သူက မိခင်ကောင်းမပီသခဲ့။ ဘန်ဘန်နဲ့သူ ဘယ်နှခါများ ကစားပေးခဲ့လဲ။ ဘန်ဘန့်အိမ်စာတွေစစ်ပေးဖို့ ဘယ်နှခါများ စိတ်ပါလက်ပါရှိဖူးလဲ။ ဒီလိုကိစ္စတွေက လက်ချိုးရေလို့ရသည်။

သူ့သားက ငြိမ်သက်ပေမဲ့ ဉာဏ်ကောင်းသည့် ကလေးဖြစ်သည်။ ဘေးအိမ်က ကလေးကတော့ ချစ်စရာစကားတွေပြောတတ်ပြီး သွက်သွက်လက်လက်နှင့်။ သူ သူ့သားလေး၏ ငြိမ်သက်မှုကို အကြီးအကျယ် မကျေမနပ်ဖြစ်ဖူး၏။ ဘာဖြစ်လို့ တိတ်နေရတာလဲလို့ တစ်ခါမှ မမေးခဲ့ဖူး။ အကယ်၍သာ မေးကြည့်လိုက်လျှင် မပျော်လို့လို့လား ဖြေလေမလား။

ငယ်ရွယ်တဲ့အချိန်မှာ မိခင်ဖြစ်လာပြီး ကလေးကို ဘယ်လိုချစ်ပြရမလဲ သူမသိခင် ကလေးက သေဆုံးသွားခဲ့သည်။ သားရှေ့ရေးအတွက်လို့တွေးပြီး အမှုတွေကြိုးစားလိုက်ခဲ့တာ၊ ဘာမဆို ကျော်ဖြတ်ပြီး စီးပွားရှာခဲ့တာတွေက ရယ်စရာဖြစ်ကုန်သည်။

သားအတွက် တကယ်လိုအပ်တာ ထိုစည်းစိမ်တွေမဟုတ်ပေ။ သူ့သားက မိခင်တစ်ယောက်ကို လိုအပ်ခဲ့တာဖြစ်သည်။ ဒါကို အခုမှ သဘောပေါက်လို့လည်း သူ့မှာ ဘာမှ ပြင်ဆင်စရာမရှိတော့။ သူ့သားက အခေါင်းထဲမှာ လှဲနေပြီး ချစ်စရာကောင်းစွာအိပ်နေခဲ့သည်။ လှုပ်ရှားမှုမရှိတော့။

အလွန်ပူလောင်သော သောကမီးကို ခံစားနေရသည့် မိခင်တစ်ဦးအနေဖြင့် သူ ဆုံးဖြတ်ချက်ချခဲ့သည်။ သူ့သားကို ပြန်ခေါ်ဖို့။ အရာအားလုံးကို သူပြန်ပေးဆပ်ဖို့။

ဒုတိယမြောက် တနင်္လာ (Completed)Where stories live. Discover now