ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း - ၇
(Unicode)တိမ်လွှာတို့နှင့် ညဈေးအတွင်း ဒုတ်ထိုးဆိုင်တွင် ဒုတ်ထိုးစားရင်း လေပေါနေသေသည်။ စည်းကားလှပါသည်။ ညနေစောင်းမို့သာယာလှသည့် မပူမကျဲနေလေးထဲ ဖြုငယ်တို့အဖွဲ့လေး ရယ်စရာတွေပြော၍ပျော်မြူးနေရတော့သည်။
"ဇွဲ ငါအအေးသောက်ချင်လို့သွားဝယ်ပေး"
"ကေလေး ဘာသောက်ချင်လဲပြော"
"အမလေးလေး
အတွဲတွေများနော် ငါမပြောချင်ဘူး""အဲ့တာကြောင့်ရည်စားထားတော့လို့ပြောတာပေါ့ အသက်ပဲ 21 ပြည့်တော့မယ် အပျိုကြီးဖြစ်နေမယ်နော်ညည်း...."
"ငါကထားပါတယ် ငါ့ကိုထားမယ့်လူမရှိတာ ဟီး..."
"အကိုခွန်းကမဆိုးဘူးမို့လား ဖြူငယ်ရယ် နင်စဥ်းစားကြည့်ပါလား"
"ဟယ် နင်တို့တစ်သိုက်ကိုငါမနိုင်ဘူးနော်
အဲ့တာငါ့အကိုလေ ငါမွေးစားထားတာ နင်တို့မဟုတ်တာတွေမပြောနဲ့ ...""ငါစဥ်းစားလို့ကိုမရဘူး မိဂျူးရယ်
ဖြူငယ်က ရုပ်လဲမဆိုးပါဘူး ချစ်စရာလဲကောင်းတယ် ဘာလို့ကြိုက်မယ့်လူမရှိတာလဲ နားကိုမလည်ဘူး...""မသိဘူးငါလဲ ဒီတိုင်းလေးကအေးချမ်းတယ်သိလား Rs မတွေရဲ့"
ဖြူငယ်တို့မိန်းခလေးများ စကားဖောင်ဖွဲ့နေသည်ကို ကိုစည်သူတို့ ယောက်ကျားလေးများကဘာမှဝင်မပြောပဲရယ်နေကြသည်။
နေမင်ခတို့ သူငယ်ချင်းများသည် ညနေခင်းတိုင်တွင် စကိတ်စီးလေ့ရှိကြသည်။အမောဖြေရန် အအေးလာသောက်သည်ကို ဒုတ်ထိုးစားချင်လာ၍ ဒုတ်ထိုးဆိုင်တွင်ထိုင်ရင်း ကျောဘက်စာပွဲဝိုင်း၌ နားငြီးလောက်အောင် ရည်းစားထားရန်တိုက်တွန်းနေကြသည့်အဖွဲ့ကြောင့် စိတ်တောင်အနည်းငယ်တိုလာရတော့သည်။ ဟိုကမစွံတာကို အတင်းတိုက်တွန်းနေ၍လှည့်ကြည့်မိတော့လဲ ထိုအစ်မကြီးကိုမမြင်ရဖြစ်နေလေသည်။ မရဘူးထိုအစ်မကြီးကို မြင်အောင်ကိုကြည့်အုံးမှာ။
"ကိုထက် နေရာချင်းလဲမယ်..."
"ဘာဖြစ်လို့လဲကွ ."
YOU ARE READING
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....