Part🍀 43 🔞

34.6K 355 24
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း - ၄၃
(Unicode)

"ကိုကြီးကလဲ မူးနေတာတောင်ပျောက်ချင်လာပြီ အေ့... အရမ်းနမ်းတာပဲ"

"ဟုတ်လို့လား "

"အွန်း..."

"မူးတာထပ်ပျောက်အောင်လုပ်ပေးမယ်စိတ်ချလာ "

"ကို..ကြီး.."

ဖြူငယ့်ကိုယ်လေးကိုကိုကြီးပခုံးပေါ်ထမ်းလိုက်သည်ကြောင့် ဖြူငယ်မျက်လုံးလေးများပြူးသွားရသည်။

"ဟင်... ဖြူငယ့်ကိုအောက်ချပေး..."

"မရတော့ဘူးငယ် ငြိမ်ငြိမ်လေးလိုက်ခဲ့"

"ဟင့် ဝိုင်ထပ်သောက်မို့ပါဆို မလိုက်ဘူး..."

"ထပ်မသောက်ရဘူး အမူးပြေအောင်အရင်လုပ်ပေးမလို့ ပြီးမှသောက်"

"ဟင့်အင်း အခုသောက်မှာပါဆိုနေ...ချပေး "

ဖြူငယ်တို့နှစ်ယောက်ကြောင့် အိမ်ထဲပွက်လောရိုက်၍ရှိနေလေတော့သည်။ ဖြူငယ့်မှာအော်၍အောက်ချပေးဖို့ပြောနေသော်လည်း လှေခါးပေါ်တတ်နေသည့်ကိုကြီးခြေထောက်များက ရပ်တန့်မသွားပဲဆက်၍သာလှမ်းနေလေတော့သည်။

"အကိုလေး "

"ဘာလဲ..."

"ဟိုမမလေးက ..."

"ငယ်ကဘာဖြစ်လဲ တစ်ခါထဲမှာထားခဲ့မယ် အပေါ်ထပ်တတ်မလာခဲ့နဲ့ ပြီးရင်ပြန်အိပ်တော့ ငါတို့လဲဆင်းမလာတော့ဘူး သွားတော့"

"ရှင်.. ဟုတ် ဟုတ်ကဲ့...."

"ဖြူငယ့်ကိုအောက်ချပေးလို့ မလိုက်ဘူးလို့.."

အော်နေသည့်ငယ့်ကိုဂရုမစိုက်ပဲ ခွန်းအခန်းထဲသို့ခေါ်လာပြီး တံခါးကို lock ချ၍ မီးပါတစ်ခါထဲပိတ်ပစ်လိုက်သည်။

ဖြူငယ့်ကိုကုတင်ဘေးချပေးပြီးသည်နှင့် ဖြူငယ့်အောက်ရောက်ရောက်ချင်း ဖြူငယ့်နှုတ်ခမ်းကိုအတင်းနမ်းလာလေတော့သည်။ ဝိုင်အရှိန်ကြောင်ပဲလား ဖြူငယ်ကိုယ်တိုင်ကလိုလား၍လားမသိ ကိုကြီးကိုပြန်လည်နမ်းမိလိုက်တော့ ကုတင်ပေါ်ထိုင်ခိုင်းလာသည့်ကိုကြီးက နမ်းရင်းနှင့်ရှပ်လက်ရှည်အနက်လေးကို ကြယ်သီးတွေဖြုတ်၍ ချွတ်နေသည်ကို ဖြူငယ်အနည်းငယ်မြင်မိလိုက်တော့ ရှက်၍မျက်လုံးလေးမှိတ်ထားမိလိုက်သည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Où les histoires vivent. Découvrez maintenant