Part🍀 38 (U&Z)

11.7K 305 28
                                    

(Unicode)

ဖြူငယ်အပြင်မှာပုန်းနေလိုက်ပြီး ကိုကြီးဖေဖေပြန်သွားမှ ကိုကြီးဆီပြန်သွားလိုက်သည်။ ပထမဆုံးတွေ့တာလေးကို ရှက်စရာကောင်းအောင်ရန်စွာလိုက်လို့လဲ ကိုယ့်ကိုအပြစ်တင်မိ၏။

"ကိုကြီး "

"လာပါအုံး "

ကိုကြီးက လက်နှစ်ဖက်ကိုဘေးသို့ဆန့်တန်းပြီး ဖြူငယ့်ကို ဖက်ရန်ပြနေသည်မို့ ကိုကြီးအနားသို့သွား၍ ခါးကိုဖက်ထားလိုက်သည်။ ခဏတော့စိတ်သက်သာရာရသွားရ၏။

"လေးလေးဖေဆိုတာ ဘာလို့ဖြူငယ့်ကိုမပြောတာလဲ"

"အခုသိသွားပြီမို့လားငယ်ရဲ့"

"ဟင် အခုကဖြူငယ်အမှားလုပ်မိသွားပြီလေ"

"ဖေဖေက ငယ့်ကိုသဘောတွေကျနေတာလေဗျာ ဘယ်နှယ့်အမှားလုပ်ရမှာလဲငယ်ရဲ့ "

"ဟုတ်လို့လား ဖြူငယ်က စိတ်ပူနေတာနော် မဟုတ်တာမပြောနဲ့"

"တဂယ်ကွငယ်ရဲ့"

"တော်သေးတာပေါ့ ခုမှစိတ်အေးတော့တယ်"

ချစ်စရာမျက်နှာလေးက အခုမှစိတ်သက်သာရာရသွားသည့်အလား ပြုံးလာလေ၏။

"ငယ်က ချစ်စရာသိပ်ကောင်းတာပဲကွာ "

"ဟီး အဲ့လိုထင်တာလား ဖြူငယ်ကဆိုးတယ်လို့ထင်နေတာ အစောန ဆရာကြီးလုပ်မိသွားတာလေကိုကြီးရဲ့ "

ရင်ခွင်ထဲမြုပ်နေသည့်ငယ့်ခေါင်းလေးကို ဖွဖွလေးကိုင်၍ အချစ်ပိုနေရသည်။ ဒီသေးသေးလေးကလေ လူလေးနဲ့မလိုက်အောင် တအားစိုးရိမ်တတ်တာပဲကွာ။

"ကိုကြီး ဖြူငယ်အထဲမဝင်ရဲဘူး "

"ဖေဖေစောင့်နေတယ်ငယ်ရဲ့"

"မဝင်ရဲဘူးဆို"

အိမ်ရောက်တော့ ကားပေါ်ကမဆင်းချင်ဆင်းချင်နှင့်ဆင်း၍ အိမ်ထဲမဝင်ဘူးဆိုပြီးနောက်ပြန်လှည့်နေသည့်ငယ်ကို လက်ကအတင်းဆွဲထားလိုက်ရသည်။ ဒါကို နောက်ပြန်ခိုစီးပြီး ရုန်းနေလေသည့်အခါ ခါးကနေလက်တစ်ဖက်ထဲနှင့်မ၍ ငယ့်ကိုနောက်ပြန်မလာခဲ့လိုက်သည်။

"ကိုကြီး ချပေး နာတယ်လို့ ဗိုက်က နာတယ်လို့.."

"ဟုတ်သားပဲ "

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Donde viven las historias. Descúbrelo ahora