(Unicode)
"နိုးလာပြီလားငယ်"
"အွန်း "
ခွန်းမှာ မနက်အစောကြီးထဲကနိုးနေပြီး ငယ့်ကိုအရိပ်တကြည့်ကြည့်နှင့် ကြည့်နေခြင်းဖြစ်သည်။ အခုမှအိပ်ယာနိုးသည့်ငယ်ကတော့ လွန့်လူး၍ လက်တွေဆန့်နေကာ ဝတ်ထားသည့်ရှပ်အင်းကျီလေးထက် ကြယ်သီးလေးနှစ်လုံးမှာဟနေသည်ကြောင့် ခွန်းလဲဆက်ကြည့်နေလိုက်သည်။
"ကိုကြီး ဘာဖြစ်နေတာလဲဟင် မျက်နှာတွေရဲနေတယ်"
"ဘာမှမဖြစ်ဘူးငယ်ရဲ့"
"ဟင် ပူနေတယ်လေ"
ဘာမှမသိရှာသည့်ငယ်က လက်လေးများနှင့် ခွန်းရဲ့မျက်နှာကိုကိုင်၍ ဆိုလာလေသည့်အခါ ခွန်းရယ်လိုက်မိသည်။
"ဒီကောင်မလေးနဲ့တော့ခက်ပြီပဲ"
"ဟင် ဘာလုပ်လို့လဲဖြူငယ်က"
"မြူဆွယ်နေတယ်လေကွာ"
ကိုကြီးမေးဆက်ပြမှ ကိုယ့်ကိုငုံ့ကြည့်မိတော့ ကြယ်သီးများက ပြုတ်နေတာနှစ်လုံးတောင်ဖြစ်လေသည်။
"ဟင် "
အလန့်တကြားနှင့် လက်လေးများကရင်ဘက်ကိုဖိနေပြီး ဖုံးဖိနေသည့်ငယ့်လက်ခလေးကိုဆွဲ၍ဖမ်းထားလိုက်တော့သည်။
"ဘာတွေရှက်နေတာလဲငယ်ကလဲ မမြင်ဘူးတာကျလို့ကွာ"
"မရဘူးအဲ့လို ကိုကြီးကနှာဗူးကြီးပဲ ဟွန့် ..ဖယ်"
ခွန်းကိုအတင်းတွန်းလွှတ်ပြီးကုတင်ပေါ်ကဆင်းပြေးသွားသည့်ငယ်က ပေါင်လယ်ထိသာဖုံးသည့်ခွန်း၏အင်းကျီကြောင့် ပေါင်လေးတွေပေါ်နေလေသည်။ သေးသွယ်၍ ဖွေးဖြူကာ ချစ်စဖွယ်ပေါင်တံလေးများမှာ ကြည့်ကောင်းနေပြန်သည့်အခါ ခွန်းငယ့်ကိုမျက်စိတစ်ဆုံးလိုက်ကြည့်လိုက်တော့သည်။
ဖြူငယ့်အခန်းဆီပြန်ရောက်သည်နှင့် ဖြူငယ်ရေချိုးကာ တစ်ချိန်လုံးတွေးနေခဲ့သည့်အဖြေကို စိတ်ခိုင်စွာနှင့် စိတ်ပိုင်းဖြတ်၍ရခဲ့ပြီဖြစ်သည်။ အဲ့တာကဘာလဲဆိုလျှင် ဖြူငယ့်၏ရောဂါအခြေနေကို ကိုကြီးကိုအသိပေးတော့မည်ဖြစ်သည်။ ဒီည ညစာစားပြီးလျှင်ပေါ့လေ။ တော်ကြာအစောပြောလိုက်လျှင် ကိုကြီးစိတ်ပင်ပန်းပြီး ထမင်းမစားမှာဖြူငယ်စိုးရိမ်သည်လေ။ ဒီနေ့အသိပေးတာချင်းတူလျှင်တောင် အိပ်ခါနီးမှအသိပေးလိုက်တော့ အနည်းဆုံးကိုကြီးခံစားရဖို့ အချိန်လေးနည်းတာပေါ့လေ။ ဖြူငယ်သိပါသည်။ ဖြူငယ့်ရောဂါအကြောင်းသိလျှင် ဖြူငယ့်ထက်ပို၍ခံစားရသည့်လူမှာ ကိုကြီးဖြစ်မည်ဆိုတာ။
YOU ARE READING
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....