Part🍀 18 (U&Z)

15.6K 322 9
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း - ၁၈
(Unicode)

"အဆင်ပြေခဲ့လားအလုပ်မှာ "

"ပြေတာပေါ့"

"ဟိုတစ်ယောက်ရော "

"လာတောင်းပန်သွားတယ်ဖြူငယ့်ကို"

ဆိုဖာပေါ်ထိုင်ကာ အသီးလေးစား၍ ဖြေနေပုံလေးဟာ ရွှင်မြူးလို့နေလေသည်။

"ခွင့်လွှတ်ပေးလိုက်တာလား"

"ခွင့်လွှတ်ပေးစရာလားလို့
ဒါနဲ့သူက ကိုကြီးကိုဘယ်လိုသိတာလဲဟင်"

"ကိုကြီးကချောလို့နေမှာပေါ့ နာမည်ကြီးတယ်လေ..."

အကောင်းပြောနေတာကိုထဖောက်လာသည့်ကိုကြီးကို မျက်လုံးလှန်ပြီး ကြည့်ပေးလိုက်သည်။

"ဒီနေ့ ဖြူငယ်သန့်ရှင်းရေးလုပ်ပေးမယ် ရုပ်ရှင်လိုက်ပြပေးလို့ "

"ဟုတ်ပါပြီဗျာ ကိုကြီးမေမေနဲ့ ဖုန်းခဏပြောလိုက်အုံးမယ်နော် "

"ဟုတ်"

ဖြူငယ် ကြမ်းတိုက်နေလိုက်တော့ ကိုကြီးကဆိုဖာပေါ်ထိိုင်၍ ဖုန်းပြောနေလေသည်။

"Hello သား"

"မေမေ နေကောင်းလား"

"ကောင်းပါ့တော်"

"ထမင်းရောစားပြီးပြီလား"

"ခုပဲပြီးတာသားရဲ့
သားပြမယ်ဆိုမေမေ့ချွေးမလေးလေ ပြစမ်းပါသားရယ် ကြည့်ချင်လှပြီ "

"ရူးတိုးတိုးမေမေ ရှိတယ်အခန်းထဲမှာငယ်က"

"ဟုတ်လားဘယ်မှာလဲပြပါအုံး"

ဖုန်းလေးဟိုဘက်လှည့်လိုက်ပြီးပြလိုက်တော့ ခလေးမကစာပွဲခုံပေါ်လှဲလိုက် ​ကြမ်းပြင်ပေါ်လှည်းလိုက် ထို့နောက် ရှိသမျှနေရာ ကြက်တောင်မွှေးတစ်ချောင်းနဲ့ သန့်ရှင်းရေးလုပ်နေပုံကို အချိန်အတော်ကြာ လိုက်ပြလိုက်တော့ ပြုံးပြုံးကြီးနှင့်မေမေက ကြည့်နေလေသည်။

"သားခေါ်ပြအုံးအနီးနားလေး"

"ခဏလေးမေမေ"

ခွန်းနောက်လှည့်ပြီး ကြည့်လိုက်တော့ ကြက်တောင်မွှေးကို ပခုံပေါ်တင်ထားကာ ဘယ်နေရာသန့်ရှင်းရမလဲစဉ်းစားနေပုံနှင့် ခလေးမကိုတွေ့ရသည်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Donde viven las historias. Descúbrelo ahora