ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း -၃၂
(Unicode)"သမီးလေး ပျော်ခဲ့လားဒီနေ့"
ဖြူငယ်အပျော်လွန်သည်အထိ ပျော်ခဲ့ရပါသည်။အိမ်ရောက်တော့အန်တီမေ့အမေးကြောင့် ခစ်ခနဲရယ်လျှက် ...
"ပျော်ခဲ့တယ် အန်တီမေ အရမ်းပျော်ခဲ့တာ "
"ပြောပြပါအုံး ဘာတွေကစားခဲ့လဲဆိုတာ"
"အန်တီမေသိလား ကိုကြီးကလေ ခိခိ..."
ဒီအတိုင်စိန်လေးကကွာ။
"ငယ့် အဲ့အကြောင်းမပြောနဲ့ "
"ရယ်ချင်နေတုန်း ခဏလေးအန်တီမေ"
"သိချင်လာပြီသမီးရယ် မြန်မြန်ပြောပါအုံး"
သမီးကရောက်ကတည်းကရယ်နေသည်ကြောင့် ဒေါ်ကေသာပို၍သိချင်လာရတော့သည်။
"ကိုကြီးတို့လေးယောက်ကလေ သရဲအိမ်ထဲ
မဝင်ရဲဘူးသိလား သရဲကြောက်နေကြတာ ခိခိ""ဟောတော့ "
"ဟုတ်တယ်အန်တီမေရေ့
အော်ပြီးပြေးကြတာတန်းနေတာပဲ အမြှီးလေးတောင်မမြင်ရဘူး""ငါ့သားတို့က သရဲကြောက်ကြတာလား ဟယ်တော့ မာမီမသိလိုက်ဘူး"
"မဟုတ်ပါဘူးမေမေရယ်
သားက လန့်သွားလို့ပါ...""တွေ့လားအန်တီမေ သမီးအူတွေနာနေတာသိလား ရယ်ရလွန်းလို့..ဟားဟား .."
ဆိုဖာပေါ်သို့နောက်လှန်ချ၍ အိပ်ရက်လေးတောင်ရယ်နေသည့်သမီးပုံစံလေးက ချစ်စရာကောင်းလှလေသည်။ သည်လိုပြုံးပျော့၍ရယ်နေပုံကို ဒေါ်ကေသာလဲပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
"သားကတော့လေ သမီးလေးကို ရယ်ဆေးတိုက်လိုက်တာပဲကြည့်"
"မေမေ့သမီးက တွေးတွေးပြီးရယ်နေတာ
တားလဲမရတော့ဘူး""သမီးမှာလေ ကစားကွင်းမှာလဲတစ်နေကုန်ရယ်လာတာ မောနေပြီအခု..."
"ငယ် အင်းကျီသွားလဲတော့သွား"
နှုတ်ခမ်းလေးဆူလာကာ အိပ်နေရာမှထလာသည့်ငယ်က ခွန်းကိုမကြည်သလိုလေးကြည့်လေသည်။
YOU ARE READING
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....