ခွန်းရဲ့နှောင်ကြိုးငယ်🍀 အပိုင်း -၃၆
(Unicode)ငယ်နိုးမလာတာ နှစ်ရက်ရှိပြီဖြစ်သလို ခွန်းရင်ပူနေရသည်လဲ နှစ်ရက်လုံးသာဖြစ်သည်။ ။ ငယ်ဘာလို့ နိုးမလာသေးတာလဲကွာ ဆရာဝန်ပြောတော့ သတိရလာမယ်ပြောပြီး အခုထိနိုးမလာ၍ ခွန်းစိတ်ကမကြည် နေ၍ထိုင်၍လဲမရနှင့်ရှိနေရသည်။
"သား အိမ်ပြန်ပါအုံးကွယ် နားလိုက်ပါအုံး"
"မပြန်တော့ဘူးမေမေ သားမရှိတုန်း ငယ်နိုးလာရင် သားကိုရှာနေလိမ့်မယ်"
"မေမေရှိနေတယ်လေကွယ် မေမေပြောပေးမှာပေါ့ "
"သားဒီမှာပဲနေမယ်
ငယ့်ဘေးကနေ ဘယ်မှမသွားဘူး"ခေါင်းမာလိုက်တဲ့သားပါလားကွယ်။
"ခွန်းရာ ပြန်နားလိုက်စမ်းပါ ငါတို့လဲလူလဲပြီးစောင့်ပေးမယ် မင်းစိတ်ချ"
"ငါမပြန်ဘူးဆို မပြန်ဘူးပဲ မေမေ သားအတွက်အင်းကျီပါလား"
"ပါတယ်လေသား တင့်တင့်နင့်အကိုလေးကိုပေးလိုက်ပါအုံး "
"အကိုလေးဒီမှာ"
"အင်း သားရေချိုးလိုက်အုံးမယ်ခဏပဲ "
"အေးအေး သွားလေသား"
Vip room ဖြစ်တာကြောင့် ရေချိုးခန်းပါ ပါသည်ကြောင့်နှင့် ခွန်းအိမ်မပြန်ဘဲ ဒီမှာပဲရေချိုးရန်ပြင်လိုက်သည်။ ဒီနေ့နှင့်ဆို ခွန်းရေမချိုးတာလဲ သုံးရက်တောင်ရှိပြီမဟုတ်လား။ လူကရေမချိုး၍ မလန်းသော်လည်း ငယ့်ဘေးကမခွာနိုင်သည်ကြောင့် ရေလဲမချိုးထမင်းလဲသိပ်မစားသည့်ခွန်းမှာ ယခုတော့ရေလေးတော့ချိုးလိုက်တော့သည်။ တော်ကြာငယ်နိုးလာမှ ခွန်းရဲ့ပုံစံကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားမည်ကို ခွန်းစိုးရိမ်သည်လေ။
"အန်တီ အဲ့ကောင်ဒီတိုင်းဆိုလဲသွားလိမ့်မယ်နော် "
"အန်တီလဲမပြောတတ်တော့ပါဘူးသားတို့ရယ်သမီးလေးများနိုးမလာရင် မအိပ်မစားနဲ့ သားလေး ရူးတောင်သွားမလားပဲ "
"ခွန်း ဖြူငယ့်ကိုအဲ့လောက်ချစ်မယ်မှန်းမသိခဲ့ဘူး ကျွန်တော်တို့လဲ"
ESTÁS LEYENDO
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....