Part🍀 8 (U&Z)

17.2K 401 17
                                    

ခွန်းရဲ့နှောင်ကြိုးငယ်🍀🍀 အပိုင်း - ၈
(Unicode)

"ပေးစရာရှိတယ်ဆို မြန်မြန်ပေး ဖြူငယ် ဇာတ်ကားကြည့်ရအုံးမှာ"

အခန်းထဲဝင်လာဆိုဘောက်ဆက်ဆက်လေးပြော၍ အခန်းဝနားလေးတင်ရပ်နေလေသည်။ ဒါလေးကအစောက ပြောလိုက်သည့်စကားကိုအမှတ်တေးထားပြီး စိတ်ဆိုးပြနေတာလေးပေါ့လေ။

"အင်း ဟိုမှာအင်းကျီပေးမလို့ "

"ဘယ်ဟာတုန်းကိုကြီးရဲ့"

"ဆိုဖာပေါ်က အစီးလေးလေ"

ဖြူငယ်ဆိုဖာနားလျှောက်သွား၍ ကိုကြီးပြောသည့်အစီးကိုရှာပေမယ့်မတွေ့ပေ။ သို့ပေမယ့်တွေ့ရသည့်အစီးက နည်းနည်းအစီးလိုက်တွေမဟုတ်။

"ဒီဟာတွေက အစီးလေးလားကိုကြီး"

"အင်းလေ"

ရုပ်တည်ကြီးနဲ့ပြောနေသည့်ကိုကြီး ဆိုဖာထိုင်ခုံရှည်ကြီးတစ်ခုလုံးပေါ်မှာ အင်းကျီအစီးတွေများ နည်းတာမဟုတ်တာကို။

"ဟင်း... ဟင်း ...သိပ်မများရှာဘူးနော့"

"အင်းလေ ညအိပ်ဝတ်ဖို့ရယ်၊ ဂါဝန်လေးတွေရယ် သိပ်မများပါဘူးကွ..."

မျက်စောင်းထိုးပြီးကြည့်နေသည့်သူ့ခလေးမ ပိုက်ဆံချွေတာသည့်ကိုယ့်ခလေးမက ညအိပ်ဝတ်တဲ့ကာတွန်းအင်းကျီလေးနှစ်ထည်ကို အလဲလည်ဝတ်နေမှန်းသိတာပေါ့။ အခြားဝတ်စရာလဲပေါပေါလောလောမရှိသည်ကိုသိ၍ လိုင်းပေါ်ကနေ အစီးလိုက်အထည် 50 ပဲအရင်ဝယ်လိုက်သည်။ အခုကများနေမှာဆိုးလို့ တစ်ပတ်တစ်ခါဝယ်ပေးရင်တော့သိပ်မသိသာလောက်ပါဘူးလေ။

"ကိုကြီး ဘယ်ကဝယ်လာတာလဲပြော "

"ဘာလုပ်မို့လဲငယ်က "

"ပြန်သွင်းရအောင်လို့လေ"

"ဟမ် မရဘူးလေ "

"ဘာလို့လဲလို့ "

"ကိုကြီးအန်တီလေး ဒီမှာအထည်ဆိုင်ဖွင့်တာကူညီထားလို့ အတင်းပေးနေတာနဲ့ ငယ့်ဖို့နည်းနည်းယူလာခဲ့တာ "

အမလေးဆိုင်ရှင်တော့ ကိုကြီးနည်းနည်းကိုကြည့်ပြီးထိုင်ငိုနေမှာ ကြိမ်းသေသလောက်ပင်။

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Donde viven las historias. Descúbrelo ahora