Part🍀 30 (U&Z)

13.5K 313 8
                                    

ခွန်းရဲ့နှောင်ကြိုးငယ် အပိုင်း - ၃၀
(Unicode)

ဖြူငယ်ပျင်းနေ၍ ခြံထဲတွင်အပင်များကိုရေလောင်းနေသည့် ဦးမျိုးကို ဝိုင်းကူနေလိုက်သည်။ ထို့နောက် ကြီးကြီးဝိုင်းကိုအိမ်သန့်ရှင်းရေးကူလုပ်ပေးလိုက်နှင့် ဖြူငယ်သိပ်တော့မပျင်းရတော့ပေ။

"ဟယ် သမီး အိမ်အလုပ်တွေလုပ်နေတာလား"

"ပျင်းလို့ပါ သမီးက"

"ဟုတ်ပါ့ သားကအခြားအလုပ်လေးတွေရှိလို့သမီးရဲ့ "

အပြင်မှပြန်လာသည့်အန်တီမေက ရယ်ပြုံး၍မေးလာလေသည့်အခါ ဖြူငယ်ကြက်တောင်မွေးဖွားလေးကိုင်၍ အန်တီမေးဘေးသွားထိုင်လိုက်၏။

"သမီးသိပါတယ် ကိုကြီးမအားဘူးဆိုတာ
ဒါမယ့် ကိုကြီးမျက်နှာမမြင်ရတော့တစ်မျိုးကြီးပဲ"

"သမီးလေး သားကိုလွမ်းနေတာလား"

"သမီးမလွမ်းပါဘူး ဒီအတိုင်းဘယ်လိုကြီးဖြစ်မှန်းမသိလို့"

သမီးလေးက နှုတ်ခမ်းလေးဆူ၍ပြောလာလေသည်။

"အေးပါတော် သားကို အန်တီမေပြောပေးမယ် နောက်နေ့မျက်နှာလေးပြသွားပါအုံးလို့"

"အန်တီမေကလဲ"

ရှက်သွားသည့်သမီးက ကေသာ့အနားမှထပြေးသွားလေတော့သည်။

ည 11 နာရီရှိနေပြီ ကိုကြီးက အခုထိပြန်မလာသေး၍ ဖြူငယ်တို့ဇာတ်ကားကြည့်ရင်းပျင်းနေရတော့သည်။

"သမီးလေး အန်တီမေအိပ်တော့မယ်ကွယ်"

"ဟုတ်ကဲ့ သမီးကိုကြီးကိုစောင့်လိုက်အုံးမယ်"

"နောက်ကျတဲ့ထိမစောင့်နဲ့နော်သမီး သားပြန်လာပါလိမ့်မယ်"

"ဟုတ်"

အန်တီမေအခန်းထဲဝင်သွားသည်နှင့် ဖြူငယ့်ဘေးထိုင်နေသည့်ကြီးဝိုင်းတို့ကို တန်းသတိရလိုက်သည်။

"ကြီးကြီးဝိုင်းနဲ့ တင့်တင့်သွားအိပ်တော့နော် ဖြူငယ်စောင့်လိုက်မယ်ရတယ်"

"အင်းပါသမီးရယ် ကြီးကြီးဝိုင်းတို့သွားအိပ်ပြီနော်အဲ့တာဆို"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Donde viven las historias. Descúbrelo ahora