(Unicode)
ဖြူငယ်နိုးလာတော့ ကိုကြီးက ခေါင်းကိုလက်နဲ့ထောက်ပြီး နှုတ်ခမ်းထောင့်များအပေါ်သို့ကွေးညွှတ်တတ်သွားသည်အထိ ပြုံး၍ကြည့်နေသည်မို့ ဖြူငယ်မှာမျက်လုံးပင်ချက်ချင်ကျယ်လာရတော့သည်။ ယခုအနေအထားနှင့်ညကအဖြစ်ပျက်ကိုပြန်တွေးကြည့်မိလိုက်တော့ ရှက်စိတ်တွေချက်ချင်းဝင်လာရသည်မို့ စောင်နှင့်ကာလိုက်၍ ဖြူငယ်ပုန်းလိုက်တော့သည်။
"ကိုကြီး အဲ့လိုကြီးမကြည့်နဲ့လေ"
"ငယ်ကလဲ ကိုယ့်မိန်းမကိုကြည့်တာ ဘာဖြစ်လို့လဲကွ"
"ဟမ် ဘာမိန်းမလဲ ဖြူငယ်တို့ကလက်မှမထပ်ရသေးတာကို"
ဖြူငယ်စောင်ပုံထဲမှ မျက်နှာလေးရဲကာပြောလိုက်တော့သည်။
"ငယ့် ထပ်လက်ရအောင်လေနော် "
ခွန်းစောင်လေးကိုအတင်းဆွဲယူပြီးဆိုလိုက်တော့ မျက်နှာနုနုရဲရဲလေးက ချစ်စရာကောင်းစွာရဲ၍ရှိနေလေတော့သည်။
"ဟင့်အင်း "
"ဘာကိုလဲငယ်ရဲ့"
"ဖြူငယ်လက်မထပ်ချင်သေးဘူး ဖြူငယ့်ကိုအချိန်လေးပေးပါအုံးနော် "
"ငယ်ကလဲ ကိုကြီးတို့က ..."
ဆက်ပြီးကြားရမသည့်စကားကို ဖြူငယ်သိသည်မို့ ကိုကြီးနှုတ်ခမ်းကို ဖြူငယ့်လက်နှင့်အသာလေးလှမ်းပိတ်လိုက်မိသည်။
"အဲ့လိုကြီးမပြောနဲ့လေ ဖြူငယ့်အတွက်အချိန်လိုသေးတယ်ကိုကြီရဲ့"
"ငယ်ကလဲကွာ ကိုကြီးက မနက်ဖြန်လက်ထပ်တော့မလိုလေကွာ"
"ဟမ် "
"ဟုတယ် ဖေဖေနဲ့ မေမေကို ခဏနေဖုန်းဆက်တော့မလို့ "
"ကိုကြီးရယ် ဖြူငယ့်စကားနားထောင်ပါနော် စောင့်ပါအုံး..."
ငယ်ကမျက်စိမျက်နှာပျက်စွာပြောလာသည့်အခါ ခွန်းမယုံကြည်နိုင်ဖြစ်ရသည်။ ကိုယ့်ကိုလက်ထပ်ဖို့ထိရည်ရွယ်ပြီးမှ ငယ်ရဲ့ပထမဆုံးအကြိမ်ကိုပေးခဲ့တာမဟုတ်လားငယ်ရယ်။
"နော် ..ဖြူငယ့်ကိုစောင့်ပေးပါအုံး"
"အင်း မကြာရဘူးနော် ကိုကြီးကမြန်မြန်ယူချင်နေပြီကွ"
ESTÁS LEYENDO
ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)
Romanceအချစ်ဆိုတာဘာမှန်းမသိလို့ ကိုကြီးကိုချစ်တယ်ဆိုတာ မသိတဲ့ငယ့်ကို ကိုကြီးအချစ်တေနဲ့အုပ်မိုးပြီး သိလာအောင်လမ်းပြပေးမှာပါငယ်ရယ်....