Part🍀 26 (U&Z)

14.7K 331 12
                                    

ခွန်ရဲ့နှောင်ကြိုးငယ်🍀 အပိုင်း -၂၆
(Unicode)

ခွန်းနမ်းတာ လူတွေသိကုန်လို့ဟုဆိုပြီး တစ်ညလုံးလဲ အပြင်မထွက် အခုလဲအလုပ်မလိုက်ဖူးဆိုပြီး တစ်မနက်လုံးအပြင်လဲထွက်မလာပေ။ ခွန်းလဲအလုပ်သို့မသွားတစ်မနက်လုံးအိမ်ထဲ ယောင်ချာချာနှင့်ရှိနေရသည်။ နေ့လည်စာစားချိန်ရောက်သည့်အခါတွင်တော့ ခွန်းမနေနိုင်တော့၍ ငယ့်အခန်းရှေ့သို့သွားလိုက်တော့သည်။

"ငယ် ထမင်းစားမယ်လေ မနက်ကလဲ မစားဘူးမို့လား အစာအိမ်ဖြစ်မယ်ငယ်ရဲ့ "

"ငယ် ကြားလားကိုကြီးပြောတာ"

တိတ်ဆိတ်နေလေသည့်ကြား ခြေလှမ်းခပ်ဖွဖွလေးကိုကြားလိုက်ရသည်။

"ဖြူငယ် အပြင်မထွက်ချင်ဘူး"

"ဟောဗျာ ငယ်ကဘာဖြစ်လို့တုန်း"

"သိတယ်စမ်းနဲ့ ရှက်လို့ပါဆို"

"ကိုကြီးနမ်းတာကြာပြီလေကွာ မရှက်တော့နဲ့လာ ထွက်ခဲ့"

"ကိုကြီးကို မဟုတ်ဘူး အန်တီမေ့ကိုရှက်လို့"

"မေမေ့ကို"

"အန်တီမေမြင်သွားတယ်လေ ဖြူငယ်မျက်နှာပူလို့ "

ငယ်ကတော့လေကွာ။

"မေမေ မရှိဘူး အပြင်သွားတယ်ငယ်ရဲ့ ထွက်ခဲ့နော် ကိုကြီးနဲ့ထမင်းစားမယ်လာ"

"တဂယ်မရှိတာပေါ့"

"အင်း မရှိဘူး "

အန်တီမေ မရှိဘူးဆိုသည့်အခါ ဖြူငယ်အပြင်ထွက်ရန်ပြင်လိုက်သည်။ တစ်ညလုံးတစ်မနက်လုံးအခန်းထဲအောင်းနေရတာဆိုတော့ လူလဲပျင်းနေပြီလေ။

တံခါးလေးဖွင့်၍ကိုယ်လေးကျုံ့ကာထွက်လာသည့်ငယ်က ရှက်နေသည်တဲ့လေ ပါးလေးတေရဲလို့ဗျာ။

"ငယ့်ကို ညကျရင် အပြင်လိုက်ပို့မလို့"

"ဘယ်ကိုလဲ ကိုကြီး"

"ကလပ်ကို"

"ဖြူငယ်မသွားချင်ဘူး လူတွေရှူပ်မှာပေါ့"

"ငယ်ပျော်ရအောင်လို့လေ ပြီးရင် ကိုကြီးသူငယ်ချင်းတွေနဲ့တွေ့ပေးမယ် ငယ်မတွေ့ဘူးသေးဘူးမို့လား"

ခွန်းရဲ့နှောင်ကြိုးငယ် 🍀🍀(Completed)Hikayelerin yaşadığı yer. Şimdi keşfedin