- Intro -

1.8K 56 3
                                    

Unicode #

ဒီ fic က ကိုယ်ရေးဖူးတဲ့ ပထမဆုံး Histroy ဇာတ်လမ်းဖြစ်ပါတယ်။ အဲ့တာကြောင့် လိုအပ်တာတွေအများကြီးရှိမှာဖြစ်လို့ နားလည်ပေးဖို့မျှော်လင့်ပါတယ်။

နောက်ထပ်တစ်ခုက ဒီ fic က Yizhang ဖြစ်ပြီး incest fic ပါ။ ဒါမယ့် အရမ်းကြီးဆိုးရွားတဲ့ ပုံစံမဟုတ်လို့ စာဖတ်သူတွေကို အဆုံးထိ ဖတ်ကြည့်စေချင်ပါတယ်။ စာအုပ်တစ်အုပ်ကို အဖုံးပုံကြည့်ပြီး ဝေဖန်လို့မရသလို ဒီဇာတ်လမ်းကိုလည်း အစပိုင်း တစ်ပိုင်း နှစ်ပိုင်းဖတ်ပြီး ပြန်မလှည့်ကြပါနဲ့လို့ ပြောချင်ပါတယ်။

ဒီ Ficမှာ (") ဒါက စကားပြောတဲ့အခါ သုံးတာပါ။ (')ဒါက စိတ်ထဲကတွေးတာပါ။ (*)ဒါကတော့ အသံမြည်သံ တစ်ခုခုကို သုံးတာပါ။
—————

မိုးတွေက ရွာနေသည်။ တကယ်ကို သည်းကြီးမည်းကြီးပဲ။ နန်းတော်ရဲ့ အလယ် ပင်မခန်းမဆောင်ရဲ့ ကြမ်းမှာ အိမ်ရှေ့စံက ကြေကွဲစွာ ထိုင်နေသည်။ သူ့ပေါင်ပေါ်မှာ တစ်စုံတစ်ယောက်က ငြိမ်သက်စွာ လှဲလျောင်းနေသည်။ နန်းတော်ကြီးတစ်ခုလုံး တိတ်ဆိတ်နေပြီး နေရာတော်တော်များများမှာ သွေးတွေစွန်းထင်းနေသည်။ အိမ်ရှေ့စံရဲ့ ဘေးမှာ ဓားတစ်ချောင်းကလွဲပြီး ဘယ်သူတစ်ယောက်မှ လွဲပြီးရှိမနေဘူး။ ခပ်လှမ်းလှမ်းမှာ ရပ်နေတဲ့ ဝတ်ရုံနက်နဲ့ လူဟာ တိတ်ဆိတ်စွာပဲ ရပ်နေခဲ့သည်။ အပြင်မှာ မိုးတွေသည်းမည်းနေတာကြောင့် မိုးကျသံတစ်ဝုန်းဝုန်းက ဆူညံလျက်ရှိခဲ့ကာ လွန်ခဲ့တဲ့ နာရီပိုင်းက လူတွေရဲ့ အော်သံက အပြင်ကို သိပ်မထွက်ခဲ့ဘူး။ အခုအချိန်မှာတော့ လုံးဝကို တိတ်ဆိတ်နေသည်။ နာကျင်နေတဲ့ အိမ်ရှေ့စံဆီကတောင် ငိုသံတစ်ချက်မထွက်ခဲ့ဘူး။

မိုးရေတွေစိုနေတဲ့ အိမ်ရှေ့စံရဲ့ ဆံပင်က ကြမ်းပြင်ပေါ် ရေစက်တွေ တစ်တောက်တောက်ကျနေသည်။ ရေစက်တွေက ကြမ်းပြင်ပေါ်မှာ သွေးစက်တွေနဲ့ ရောထွေးသွားခဲ့သည်။ အိမ်ရှေ့စံရဲ့ ပါးပြင်မှာ မျက်ရည်တွေ ကျနေပေမယ့် ငိုရှိုက်သံတစ်ချက် မထွက်ခဲ့ဘူး။ တစ်ခဏအကြာမှာ အိမ်ရှေ့စံက ညာလက်သီးကို ကျစ်နေအောင် ဆုပ်လိုက်ပြီး အံကြိတ်ကာ သူ့ဘေးက ဝတ်ရုံနက်နဲ့လူအား တိုးညှင်းစွာ အမိန့်ပေးလိုက်သည်။

"သမားတော် သွားခေါ်"
——————————————


Zawgyi #

ဒီ fic က ကိုယ္ေရးဖူးတဲ့ ပထမဆုံး Histroy ဇာတ္လမ္းျဖစ္ပါတယ္။ အဲ့တာေၾကာင့္ လိုအပ္တာေတြအမ်ားႀကီးရွိမွာျဖစ္လို႔ နားလည္ေပးဖို႔ေမွ်ာ္လင့္ပါတယ္။

ေနာက္ထပ္တစ္ခုက ဒီ fic က Yizhang ျဖစ္ၿပီး incest fic ပါ။ ဒါမယ့္ အရမ္းႀကီးဆိုး႐ြားတဲ့ ပုံစံမဟုတ္လို႔ စာဖတ္သူေတြကို အဆုံးထိ ဖတ္ၾကည့္ေစခ်င္ပါတယ္။ စာအုပ္တစ္အုပ္ကို အဖုံးပုံၾကည့္ၿပီး ေဝဖန္လို႔မရသလို ဒီဇာတ္လမ္းကိုလည္း အစပိုင္း တစ္ပိုင္း ႏွစ္ပိုင္းဖတ္ၿပီး ျပန္မလွည့္ၾကပါနဲ႕လို႔ ေျပာခ်င္ပါတယ္။

ဒီ Ficမွာ (") ဒါက စကားေျပာတဲ့အခါ သုံးတာပါ။ (')ဒါက စိတ္ထဲကေတြးတာပါ။ (*)ဒါကေတာ့ အသံျမည္သံ တစ္ခုခုကို သုံးတာပါ။
—————

မိုးေတြက ႐ြာေနသည္။ တကယ္ကို သည္းႀကီးမည္းႀကီးပဲ။ နန္းေတာ္ရဲ႕ အလယ္ ပင္မခန္းမေဆာင္ရဲ႕ ၾကမ္းမွာ အိမ္ေရွ႕စံက ေၾကကြဲစြာ ထိုင္ေနသည္။ သူ႕ေပါင္ေပၚမွာ တစ္စုံတစ္ေယာက္က ၿငိမ္သက္စြာ လွဲေလ်ာင္းေနသည္။ နန္းေတာ္ႀကီးတစ္ခုလုံး တိတ္ဆိတ္ေနၿပီး ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေသြးေတြစြန္းထင္းေနသည္။ အိမ္ေရွ႕စံရဲ႕ ေဘးမွာ ဓားတစ္ေခ်ာင္းကလြဲၿပီး ဘယ္သူတစ္ေယာက္မွ လြဲၿပီးရွိမေနဘူး။ ခပ္လွမ္းလွမ္းမွာ ရပ္ေနတဲ့ ဝတ္႐ုံနက္နဲ႕ လူဟာ တိတ္ဆိတ္စြာပဲ ရပ္ေနခဲ့သည္။ အျပင္မွာ မိုးေတြသည္းမည္းေနတာေၾကာင့္ မိုးက်သံတစ္ဝုန္းဝုန္းက ဆူညံလ်က္ရွိခဲ့ကာ လြန္ခဲ့တဲ့ နာရီပိုင္းက လူေတြရဲ႕ ေအာ္သံက အျပင္ကို သိပ္မထြက္ခဲ့ဘူး။ အခုအခ်ိန္မွာေတာ့ လုံးဝကို တိတ္ဆိတ္ေနသည္။ နာက်င္ေနတဲ့ အိမ္ေရွ႕စံဆီကေတာင္ ငိုသံတစ္ခ်က္မထြက္ခဲ့ဘူး။

မိုးေရေတြစိုေနတဲ့ အိမ္ေရွ႕စံရဲ႕ ဆံပင္က ၾကမ္းျပင္ေပၚ ေရစက္ေတြ တစ္ေတာက္ေတာက္က်ေနသည္။ ေရစက္ေတြက ၾကမ္းျပင္ေပၚမွာ ေသြးစက္ေတြနဲ႕ ေရာေထြးသြားခဲ့သည္။ အိမ္ေရွ႕စံရဲ႕ ပါးျပင္မွာ မ်က္ရည္ေတြ က်ေနေပမယ့္ ငိုရွိုက္သံတစ္ခ်က္ မထြက္ခဲ့ဘူး။ တစ္ခဏအၾကာမွာ အိမ္ေရွ႕စံက ညာလက္သီးကို က်စ္ေနေအာင္ ဆုပ္လိုက္ၿပီး အံႀကိတ္ကာ သူ႕ေဘးက ဝတ္႐ုံနက္နဲ႕လူအား တိုးညွင္းစြာ အမိန့္ေပးလိုက္သည္။

"သမားေတာ္ သြားေခၚ"
——————————————

The Crown PrinceWhere stories live. Discover now