မနက်ခင်းအချိန်အခါရဲ့ မနက်စာထမင်းဝိုင်းထဲ
Park အိမ်တော်က မိသားစုသည်လူစုံတတ်စုံ။
မိသားစုတစ်စုလုံးကတော့ Parkသူဠေးကြီးနဲ့
သူ၏သား နှစ်ယောက်ပင်ဖြစ်သည်။
သားအကြီးဆုံးက ParkJiHo၊
နဲ့သားအငယ်ဆုံးကတော့ParkJiminပင်ဖြစ်သည်။
အကိုအကြီးဆုံးက အိမ်ထောင်ကျ
လက်ထပ်ပြီးသူဖြစ်သော်ငြား အငယ်ဆုံးသော ParkJiminကတော့အလုပ်မရှိအကိုင်မရှိ
ပေတေလေလွင့်နေခဲ့သည်။" နောက်တစ်ပတ်ထဲမှာ ရှယ်ယာရှင်များ
တွေ့ဆုံပွဲရှိလို့ ကျွန်တော် တိုကျိုကို သွားရမယ်
ဒယ်ဒီ.... "" ဘယ်လောက်ကြာမှာလဲ..."
" နှစ်ရက်လောက်ပါပဲ..."
" Hyung တိုကျိုအပြန်လက်ဆောင်ဝယ်ခဲ့..."
အိမ်ကHyungနဲ့ ParkJimin ဟာ
မျက်နှာကျောတွေမတည့်၊ Parkအိမ်တော်မှာParkJiminကိုဆို ဘယ်သူတစ်ဦး
တစ်ယောက်ကမှကြည့်မရခဲ့ကြ၊
ထိုထဲတွင်ဒယ်ဒီလဲပါသည်။
ခုတော့ တန်ဖိုးရှိလှသည့်စကားဝိုင်းထဲ
ParkJiminပါလာတာနဲ့ကို မျက်နှာတွေက
သိသိသာသာပျက်ယွင်းကုန်သည်။" အပျော်သွားတာမဟုတ်ဘူး...အလုပ်ကိစ္စနဲ့...! "
" ယောက်ျားကလဲ အပန်းကြီးတာလဲ
မဟုတ်တာကို ကလေးအတွက်တစ်ခုခု
ဝယ်ခဲ့ပေးလိုက်ပါ...Jiminလေးက
ဘာလိုချင်လို့လဲ...."သူမကတော့ အကြီးဆုံးHyungရဲ့
အမျိုးသမီးဖြစ်သည့်LeeYuBiပင်ဖစ်သည်။
လောကကြီးမှာသူသာလျှင်စိတ်ကောင်းအရှိဆုံး
မိန်းမပုံစံတွေဖမ်းတတ်သည်။" ဘာမှမလိုချင်ပါဘူး...ဒီတိုင်း
အာချောင်လိုက်တာ... "ParkJiminဆိုသူကလည်းထိုကဲ့သို့ပင်၊
ကြည့်မရပါဘူးဆိုလျှင်၊ဘာကြောင့်ကြည့်မရလဲ
ဆိုတာကိုအဖြေရှာရင်း အရွဲ့တိုက်ကာပို၍
လုပ်တတ်သည်။" လူကြီးတွေစကားပြောနေတာကို....
အာချောင်စရာများမှတ်နေလို့လား...."" မနက်စာကလဲ အရသာမရှိလိုက်တာ..."
ဇွန်းခက်ရင်းကိုပန်းကန်ပြားဆီ
အသံမြည်အောင်ပစ်ချလိုက်ပြီး
တစ်ရှူးသုံးရွက်လောက်ကို ဆွဲထုတ်ကာ
နှုတ်ခမ်းပါးနား သုတ်လိုက်သည်။
ပြီးနောက်တွင်တော့ ParkJiminတို့ထုံးစံ
အတိုင်းမိုးလင်းကနေ မိုးချုပ်ထိလျှောက်သွား
လေလွင့်ပါတော့မည်။
YOU ARE READING
ပန်းချီတွေငိုခြင်း