အချိန်သည် ညနေ5နာရီဝန်းကျင်။
ခပ်စောစောလေးပန်းဆိုင်ကိုပိတ်သိမ်းရန်
အတွက် ကြိုးစားနေခဲ့တာကစိတ်နဲ့လူနဲ့မကပ်ပါဘဲ၊
အဆိုးဆုံးကတော့ ချစ်လှစွာသော
အဆိုးအပေလေးကို
NamJoonစိတ်ပူနေခြင်းပင်ဖြစ်သည်။
SNSမှာရစရာမရှိအောင်ပွပလဲနေသည့်
သတင်းတွေနဲ့ဓာတ်ပုံတွေကိုလည်းတွေ့မြင်ပြီးပြီ၊
ဒီလောက်ဆိုJiminတို့အိမ်က
ငြိမ်နေကြမည်မဟုတ်။
Jiminကိုထိခိုက်နာကျင်အောင်
ပြုလုပ်ကြမည်ဆိုတာသိနေသည်။
ပါးချိုင့်ကြီးတွေးသည်ကဒီလောက်ပါပဲ။Jiminနဲ့ပတ်သတ်ပြီး ဆိုးပေလွန်းတာကို
အတိုင်းတာတစ်ခုထိသိထားတာမို့
သူ့အတွေးတွေထဲတခြားမရှိ။
သာမာန် Relationship တစ်ခုမှာတော့
ဒီလိုကိစ္စရပ်တွေဟာကြီးမားတဲ့သက်ရောက်မှု
တစ်ခုဖြစ်နိုင်သော်ငြားNamJoonအတွက်ကတော့ Jiminနဲ့ပတ်သတ်ပြီးနားလည်လွန်နေတာမို့
ထူးထူးခြားခြားပြသာနာတွေတော့မရှိ။စိတ်တွေပူပြီး အတွေးတွေလွန်ရင်း Jiminရဲ့
သူငယ်ချင်းတချို့ကိုလည်းဆက်သွယ်ရင်း
NamJoonသည်မွေးနေ့ကြီးမှာတောင်
အပူတပြင်းဖြစ်နေခဲ့တာ။
ဒီနေ့ထိမရောက်လာပုံထောက်ရင် မကောင်းတဲ့
အငွေ့သက်တွေရနေပြီမို့ ဆိုင်လေး
ပိတ်သိမ်းကာJiminတို့အိမ်ဘက်ကို
အခြေအနေသွားကြည့်ရမည်ဖြစ်သည်။သိပ်ဆိုးလိုက်တာတွေများ၊
ရင်တွေပူရအောင်လုပ်ပြီး
ဖုန်းလည်းဆက်လို့မရသလို၊ အစအနပါ
ပျောက်သွားသည်။
ParkJiminကသိပ်ကိုချစ်စရာကောင်းသောပါပဲ။" Hyung..."
တံခါးလေးကိုသော့ခတ်မလို့ဟန်ပြင်တုန်း
နားကြားမမှားနိုင်သည့်Jiminအသံကြောင့်
NamJoonချက်ချင်းပဲလှည့်ကြည့်လိုက်မိသည်။" ကလေး..."
မျက်နှာကဒဏ်ရာသေးသေးလေးတွေအပြင်
ဘာမှကြီးကြီးမားမားထိခိုက်နေဟန်မပေါ်လို့
NamJoonတွေ့လိုက်ရခြင်းမှာ
အတော်လေး ဝမ်းသာသွားရသည်။
ဘယ်လောက်တောင်မှလွမ်းပြီးစိတ်ပူနေခဲ့ရသလဲ။
မျက်စိရှေ့ကကောင်လေးကတော့ လုပ်ချင်ရာ
လုပ်ထားပြီးပြုံးပြနေသေးသည်။" လွမ်းနေတာ...ရင်တွေလည်းပူနေရောပဲ
ဘာတွေလျှောက်လုပ်နေတာလဲ
ကလေးရယ်... "
![](https://img.wattpad.com/cover/335576457-288-k608597.jpg)
VOUS LISEZ
ပန်းချီတွေငိုခြင်း