အိပ်ရာကနိုးလာသည်နဲ့ အပျင်းကြောတွေ
ဆွဲဆန့်ကာအိပ်ရာနံဘေးကလူကို
သတိထားကြည့်မိတော့မရှိ။
အိပ်ရာမှထကာကြမ်းပြင်တွင်ပလဲနေသော
ဘောင်းဘီတိုတစ်ထည်ကိုကောက်ယူဝတ်လိုက်ပြီး
အခန်းတစ်ခုလုံးထဲအသံကိုနားစွင့်နေမိလည်း
တိတ်ဆိတ်နေသည်မို့
ဘယ်များရောက်သွားပါလိမ့်တွေးရင်းဖြင့်
ရေချိုးခန်းထဲဝင်ခဲ့လိုက်သည်။အချိန်သည် နေ့လည် ၁၂နာရီဝန်းကျင်။
ရေချိုးခန်းထဲမှပြန်ထွက်လာပြီးနောက်မှာ
တစ်ပတ်စာသယ်လာမိသော အဝတ်တွေထဲမှ
လှန်လှောရှာကြည့်တော့တီရှပ်တစ်ထည်နဲ့
ဂျင်းတစ်ထည်ကိုထုတ်ယူဝတ်လိုက်သည်။
တစ်ကိုယ်လုံးရဲ့ဝတ်စားဆင်ယင်မှုတွေက
CK Brand တွေကြီး။
ကောက်ကောက်ကွေးကွေးဆံစတွေနဲ့
မျက်နှာအနေအထားကိုမှန်ထဲတစ်ချက်
ကြည့်လိုက်တော့ပြီးပြည့်စုံသည်။ထိုစဥ်အခန်းထဲကိုဝင်လာသူသည်
မှိုင်းပျပျမျက်နှာနဲ့ဘယ်ကပြန်လာလဲတော့မသိ၊
ဝတ်စားဆင်ယင်ထားပုံကပြင်ပြင်ဆင်ဆင်ပဲ။" ဘယ်ကပြန်လာတာလဲ...."
မှန်ရှေ့တွင်ကေသနေရင်းမှ ခပ်တည်တည်ပဲ
မေးလိုက်လည်း အဆိုးအပေဟာပြန်မဖြေပါ။
အပေါ်ထပ်အက်ျီကိုချွတ်လိုက်ပြီး
ပြတင်းပေါက်တစ်ခုနားငြိမ်သက်စွာရပ်နေသည်။
အဆိုးအပေဘာများဖြစ်လာပါလိမ့်။" ငါမေးနေတာ ကြားရဲ့လား..."
" ကြားတယ် မဖြေချင်လို့မဖြေတာ...."
" ဘာ..."
" အာရုံလာမနောက်နဲ့ အေးဆေးနေ..."
ဒီလိုတွေဆက်ဆံတာမျိုးတွေ၊မတူမတန်သလို
လာလုပ်တာမျိုးတွေJeonသိပ်မုန်းသည်။
ParkJiminကအကြောသိပ်တင်းသည်။
ဒါမျိုးကိုလည်း Jeonကကြိုက်သည်။
သွားစရာရှိတဲ့ ကဏ္ဍတွေခဏမေ့ကာ
အဆိုးအပေနဲ့အရင်ရှင်းဦးမည်။" ကောင်းကောင်းမွန်မွန်ပြောတိုင်း ဘာလို့
လက်မခံချင်ရတာလဲ ParkJimin...."" ငါရဲ့ခေါင်းအစခြေအဆုံးမင်းကို
တင်ပြနေရမှာလား ငါ့ဟာငါဘယ်သွားသွား
ဘာတွေလာသိချင်နေတာလဲ
ကင်းကင်းနေစမ်းပါ...."
![](https://img.wattpad.com/cover/335576457-288-k608597.jpg)
YOU ARE READING
ပန်းချီတွေငိုခြင်း