ပန်းချီတွေငိုခြင်း {၃၃}

3.1K 286 27
                                    

မောင်က ရုတ်တရက်ကြီး တိုကျိုမှာ
အခြေချဖြစ်ကြောင်းပြောကြားလိုက်ချိန်
မျက်လုံးလေးတွေပြူးကျယ်ကာ
နှုတ်ခမ်းလေးတွေပင် စုလုံးသွားသည်။
Jiminကို တစ်ချက်လေးတောင်
အသိမပေးပါဘဲ မောင်ကတစ်ယောက်ထဲ
ကြိတ်စီစဥ်နေခဲ့ဟန်တူသည်။

ညကဒီလိုကိစ္စလေးတွေဖြစ်သွားရတော့
TaeHyungနှင့်ကလပ်တွင်ပျော်ပါးမည့်
ကိစ္စကို TaeHyungထံMessageလေး
ပို့ကာ လျှော်လိုက်ရသည်။

အချိန်သည် မနက်ကိုးနာရီဝန်းကျင်။

တစ်ညလုံး ပန်းချီငယ်ရဲ့ရင်ခွင်ထဲငိုနေသော
မောင့်မျက်လုံးဝိုင်းတွေဟာ မနက်မိုးလင်းမှာ
သိသိသာသာမို့အစ်နေသည်။
မောင်သည် Jiminသယ်ယူသွားလာလေ့ရှိသော
ပန်းချီတွေနဲ့သက်ဆိုင်သည့်ပစ္စည်းများကို
ဂရုတစိုက်သိမ်းဆည်းနေသည်။

" Jiminနိုးရင် ထတော့လေ မောင်ပစ္စည်းတွေ
သိမ်းပြီးနေပြီ....ထထ ရေချိုးတော့..."

အိပ်ချင်မူးတူးဖြစ်နေသူနားရောက်လာပြီး
တင်ပါးလေးကိုပုတ်နိုးပုံက ကလေးတစ်ယောက်ကို
ပြုမူနေသဖွယ်။
မျက်လုံးလေးတွေမို့အစ်နေတာကိုသိသည်။
တတ်တူးတွေဖြင့်လက်အားဖမ်းကိုင်ထားပြီး
နောက်မှာ အားရပါးရထိုလက်ကြီးအား
ပွေ့ဖက်ထားခဲ့သည်။

မျက်လုံးကျဥ်းကျဥ်းတွေဟာ
မျက်လုံးဝိုင်းဝိုင်းတွေကို ဦးတည်ငေးစိုက်ရင်း။

" မောင်..."

" ပြောလေ..."

" မျက်လုံးလေးတွေ အစ်နေတယ်..."

" ညက ဒရမ်မာချိုးတာ နည်းနည်းများသွားလို့
ထင်တယ်.... "

ရယ်ကျဲကျဲလေးပြောနေသော်လည်း
မောင့်သည်စိတ်နဲ့လူနဲ့မှကပ်နေရဲ့လား။
မျက်လုံးချင်းဆုံးရန်ကြိုးစားနေလည်းမောင်က
အကြိမ်ကြိမ် ရှောင်လွှဲပြန်သည်။

" မောင်..."

" အင်း...."

" ဒီရွေးချယ်မှုက နောင်တမရဘူးဆိုတာ
သေချာရဲ့လား..... "

မောင်သည်ငြိမ်သက်သွားသည်။
ဘယ်လိုစိတ်ခံစားမှုတွေရှိနေလဲဆိုတာတော့
Jiminမှန်း၍မရခဲ့ပါ။

ပန်းချီတွေငိုခြင်းحيث تعيش القصص. اكتشف الآن