အအေးဒဏ်ကြီးစိုးလွန်းသည့်ဒါကဆောင်းရာသီ။
သေသေချာချာကို ထိုနေရာမှာတင်ပဲ
ထားရစ်ခဲ့သူဟာ တစ်ချက်လေးတောင်
လှည့်မကြည့်ခဲ့။
သူကစိတ်တွေကုန်ခဲ့ပေမယ့် မောင့်မှာတော့
မျှော်လင့်ချက်ရေးရေးကိုဆုပ်ကိုင်ကာ
ဆက်သွယ်ရလိုဆက်သွယ်ငြား
ဆက်သွယ်စုံစမ်းခဲ့ပါသေးသည်။အချိန်တွေသာတရွေ့ရွေ့ကုန်လာသည်။
တိတိကျကျကိုအဆက်အသွယ်
ဖြတ်သွားပုံတွေကလည်း သိပ်စိတ်ကုန်သွားမှန်း
သိသာခဲ့သည်။
ဒါသည် ပန်းချီတွေထွက်သွားခဲ့တာ တစ်လတိတိ
ပြည့်သွားချေပြီ။" သား...ဒါ...ဘာတွေလုပ်နေတာလဲ..."
ဗီရိုထဲမှအဝတ်အစားတွေကိုဆွဲချကာ
Luggageထဲသို့ပြောင်းလဲနေခြင်းကြောင့်
မိခင်ဖြစ်သူဟာသားဖြစ်သူအနားအပြေးအလွှား
ရောက်လာသည်။ဒီကိစ္စတွေဖြစ်ပျက်သွားပြီးနောက်မှာ
သူမနှင့်Jeonရဲ့ဆက်ဆံရေးဟာ
အတော်လေးဆိုးဝါးလာသည်။
ဒါအပြင် သူမရဲ့လက်မှအပူလောင်ထားသည့်
အနာတွေဟာလည်းပျောက်ကင်းခြင်းမရှိပါဘဲ။
ဝေဒနါကိုရက်ရှည်လများခံစားနေရသည်။" ကျွန်တော် တိုကျိုမှာပဲသွားနေတော့မယ်..."
" ဘာ ဘာလို့လဲ သားရယ် တိုကျိုမှာ
သားတစ်ယောက်ထဲ ဘယ်လိုနေမှာလဲသားရဲ့
Jiminကလည်းလန်ဒန်မှာပဲ အပြီးနေတော့မှာဆို..."" ဟုတ်တယ် အဲ့တော့ မာမီပျော်နေလား
Jiminနဲ့ကျွန်တော့်ကို ခွဲလိုက်ရလို့လေ....."မဲ့ပြုံးလေးဖြင့်ပြောလာသောသားဖြစ်သူကို
မျက်လုံးချင်းမဆုံနိုင်ခဲ့။
ကံကောင်းလို့သာ မဟုတ်ရင်ကိုယ့်သားကို
သတ်မိတော့မလို့လေ။" သားရယ် မာမီမှားခဲ့တာတွေပါ မာမီမှားမှန်းလဲ
သိပါပြီ သားလေးရယ်မာမီ့ကိုအဲ့ဒါကြောင့်
အရမ်းကြီးမမုန်းပါနဲ့...."" မှားမှန်းသိခဲ့ရင်တောင် ပြန်ပြင်ဆင်လို့
မရတော့ဘူး သူကျွန်တော့်ကို တကယ်ကြီး
ထားသွားခဲ့ပြီ အခွင့်အရေးတွေပေးခဲ့တယ်မလား
ကျွန်တော်ကိုယ်တိုင်တောင် အမှားတွေနဲ့မို့
ဂရုတစိုက်ဖာထေးနေခဲ့ရတာ မာမီကပါ
ဒီလိုတွေထိ လုပ်လို့ဘယ်ဖြစ်ပါ့မလဲ ...... "
YOU ARE READING
ပန်းချီတွေငိုခြင်း