[တိုကျို]
ပန်းနုရောင်ဆာကူရာလှလှတွေ ပွင့်လန်းနေပြီ။
ကြွေလွင့်နေသည့် ပွင့်ဖတ်တွေလည်းရှိသကဲ့သို့
အစွမ်းကုန်အလှဆုံးပွင့်လန်းနေသည့်
ပင်မြင့်ထက်က ပန်းတွေသည်လည်း မြင်တိုင်း
တွေ့တိုင်း စိတ်ရွှင်လန်းစေခဲ့သည်။ပင်မြင့်ထက်မှမဟုတ်၊မြေပြင်တစ်ခုလုံး
ပန်းနုရောင်ပြောင်းလဲစေသည်အထိ
ကြွေလွင့်နေသော ပွင့်ချပ်ငယ်တွေကလည်း
တစ်နည်းတစ်ဖုံ သိပ်လှခဲ့ပြန်ပါသည်။" ဒီနေ့ ပိုလှနေတာပဲ..."
အိပ်ခန်းလေးဆီမှ ပြတင်းပေါက်အနား
ခေါင်းလေးနှစ်လုံးပြူရင်း အပြင်ဘက်လမ်းမဆီက
ဆာကူရာအပင်တန်းကြီးကို ကြည့်ကာ Jiminက
တစ်ချက်မျှရေရွတ်လိုက်သည်။" ပါးပါးနဲ့တူတာ..."
" ဘာကတူတာလဲ သားရဲ့..."
" လှတယ်လေ ပါးပါးလိုပဲ ပါးပါးက
ဆာကူရာလေးတွေနဲ့တူတယ် .... "မျက်လုံးလေးတွေဝိုင်းစက်ရင်း ကူးကူးငယ်ရဲ့
ခြွေပုံခြွေနည်းတွေကြောင့်Jiminတစ်ယောက်
လက်ဖျားခါသွားရသည်။
အသက်လေး၇နှစ်ဝန်းကျင်ကိုရောက်ရှိလာသည့်
ကူးကူးငယ်က အဖေနှစ်ဦးထက်ပင်တတ်လွန်း၊
ထက်လွန်းသည်။ယခုလည်း မထင်မှတ်ထားသည့်
စကားတွေကြောင့် ပြတင်းပေါက်ဘောင်တွေဆီ
ခေါင်းလေးပြူနေရင်းမှ သားဖြစ်သူကူးကူးငယ်အား
အားဖြင့် ထိကပ်နမ်းရှိုက်လိုက်သည်။" စကားတွေအရမ်းတတ်တာပဲကွာ...."
" ဒယ်ဒီနဲ့တူတာ...ကူးငယ်ကလေ ဒယ်ဒီလိုပဲ
ပါးပါးကိုအများကြီးချစ်...."မပြောင်းလဲသည့် ဆံသားကောက်ကွေးလေးတွေဖြင့်
အဖြူစင်ဆုံးရယ်မောနေပုံနဲ့ အသည်းတွေယား၍
ပွေ့ဖက်နမ်းနေသည့် ဖခင်ဖြစ်သူJiminတို့ရဲ့
ဒီပုံရိပ်လေးက အပြင်ဘက်က
ဆာကူရာအပင်တန်းကြီးထက်ပင် ပိုမိုလှပသည့်
မြင်ကွင်းတစ်ခုဖြစ်ခဲ့သည်။" ဟုတ်ပါပြီဗျာ ဟောဒီကအတတ်ကလေးကိုလည်း
ပါးပါးကအများကြီးချစ်ပါတယ် နော်..."ကောက်ကောက်ကွေးကွေးခေါင်းလေးအား
Jiminကဆွဲဖွလိုက်ရင်း အချစ်တွေပိုသည်။
ပြတင်းပေါက်ဘောင်တွေဆီ လက်လေးတင်
မှီနေရင်း အပြင်ဘက်ကသဘာဝအလှတရားကြီးကိုလည်းခံစားနေကြသောJiminနဲ့ကူးကူးငယ်က
အိပ်ရာမှ နိုးခါစပင်ဖြစ်သည်။
YOU ARE READING
ပန်းချီတွေငိုခြင်း