ပန်းချီတွေငိုခြင်း { ၂၈}

2.7K 245 19
                                    

လန်ဒန်ကိုတစ်ကိုယ်တော်ခရီးသွားမည့်
ကိစ္စနဲ့ကတောက်ကဆဖြစ်ထားခြင်းမှာ
နှစ်ဦးသားစကားမပြောကြပါ။

မောင်ကလည်း သူ့အားမတိုင်ပင်မညှို့နှိုင်း၍
စိတ်ဆိုးခဲ့သလိုJiminသည်လည်း
ဘာလုပ်လုပ်သူမှန်သည်မို့ ချော့စရာ
အကြောင်းတော့မရှိပါဟုတွေးရင်း စကားတွေ
စပြောခြင်းမရှိခဲ့။

ယခုတွင်မောင် သည်အိပ်ခန်းထဲရှိနေပြီး
Jimin ကတော့ဘယ်ရောက်သွားလဲမသိပါ ။
လတ်တလောခံတွင်းတွေ့နေသည့်
ပီကေလေးအားထုတ်ယူဝါးရင်းသာ
အပေါ်ထပ်မှအောက်ဆင်းခဲ့သည်။

နှစ်ယောက်ထဲရှိရာမှ တစ်ဦးနှင့်တစ်ဦး
မခေါ်မပြောကြသည့်အခါနေရတာပျင်းစရာ။
ဒါကြောင့်ပဲ လှေကားတွေဆီမှဆင်းလာရင်း
တစ်ယောက်သောသူဘယ်များရောက်နေလဲဆိုတာ
မသိမသာလေး စူးစမ်းချင်ခဲ့သည်။

ဧည့်ခန်းထဲတွင်လည်းအိမ်အကူလေးတွေသာ
တွေ့နေရသည်မို့ခြံထဲမှာများရှိနေမှာမလား
တွေးမိတော့ ခြံထဲဆင်းကြည့်လိုက်သေးသည်။
မြင်လိုက်ပါပြီ၊တွေ့လိုက်ပါပြီ။
ပန်းပင်တွေနားရပ်ကာ ဖုန်းပြောနေဟန်တူသည်မို့
ခြေသံလေးဖွဖွနင်းရင်း ကျောပေးရပ်နေသူနား
တရွေ့ရွေ့လျှောက်လာခဲ့သည်။

" အကုန်စီစဥ်ထား အပြတ်ကဲမှာနော်..."

" တစ်လလောက်တော့နေမှာပေါ့ ငြီးငွေ့သွားမှ
ပြန်လာမယ်..."

" သူမပါဘူး ငါတစ်ယောက်ထဲလေ.. ဆိုတော့
ရောက်တုန်းရောက်ခိုက် လန်ဒန်သားလည်း
စားချင်သေးတယ်..."

ဘောင်းဘီအိတ်တွေထဲ လက်လေးလျှိုရင်း
ရယ်မောလျက်ဖုန်းပြောနေခြင်းတွေဟာ
သွေးတတ်စရာတွေ။
ဒီတိုင်းသာဆက်ပြောနေရင်ကြားနေရသူသည်
နေရာမှာတင်သွေးတတ်သေသွားနိုင်သည်မို့
လက်ထဲမှဖုန်းကိုလျင်မြန်စွာဆွဲယူရင်း
ဖုန်းချလိုက်သည်။

မောင် စိတ်ဆိုးခြင်းတွေဟာအရှိန်နှစ်ဆ
မြင့်လာချေပြီလေ။

" ဘာလုပ်တာလဲ..."

" ဖုန်းချလိုက်တာလေ..."

" မင်းနဲ့ ဘာဆိုင်လို့လဲ....ငါ့ဖုန်းပြန်ပေး.."

ပန်းချီတွေငိုခြင်းDonde viven las historias. Descúbrelo ahora