" မာမီ...ကျွန်တော် တောင်းပန်ပါတယ်..."
" ဘာလို့လဲ ဘာတွေဖြစ်နေလဲဆိုတာ
မာမီ့ကိုရှင်းပြပေးနိုင်မလား...!!! "Jeonသည် ရေချိုးပြီးခါစအက်ျီဝတ်ခြင်းဆီ
မရောက်လိုက်ပါဘဲ
အခန်းထဲက ဗလုံးဗထွေးအခြေအနေမှ
မိခင်ဖြစ်သူကို ဧည့်ခန်းထဲသို့
အတင်းကာရောပင်ဆွဲယူခေါ်ဆောင်ခဲ့ရသည်။
သို့သော်အမျက်မပြေသေးသောသူမသည်
အသားတွေပင်တဆတ်ဆတ်တုန်နေချေပြီမို့
ဘယ်လောက်ထိဒေါသတွေများပြားနေပြီလဲဆိုတာ
Jeonခန့်မှန်းမိသည်။" ဟို...ကျွန်တော်...ကျွန်တော်..."
" မာမီ့ကိုဖုံးကွယ်ထားတာတွေရှိနေတာလား
ဘာလို့အဲ့အရူးရှေ့မှာ သားက...အဲ့လိုမျိူး..."" ကျွန်တော် Jiminကို ...
သဘောကျမိသွားတယ် မာမီ..."မိခင်ဖြစ်သူ စကားတွေ
မဆက်နိုင်တော့အောင်ပင်ကြောင်အသွားချေပြီ။
ဒီအတောအတွင်းအနည်းငယ်ရိပ်စားမိပေမယ့်
ဒီလိုတွေဖြစ်လာဖို့ကိုတော့ အတပ်မတွေးမိခဲ့ပါ။အခုတော့စိတ်ပိုင်းဆိုင်ရာမူမမှန်သောသူကို
သဘောကျနေပါပြီတဲ့ စိတ်ပျက်သွားခြင်းတွေသည်
သူမမျက်နှာပေါ်တွင်အထင်းသားပေ။" ဘာပြောလိုက်တယ်..."
" မာမီစိတ်ပျက်သွားလောက်ပေမယ့်
ကျွန်တော်မတတ်နိုင်ခဲ့ဘူး Jiminကို
အများကြီးသဘောကျနေမိပြီ....."" သား...သူက ရူးနေတာနော်...!!! "
ကျယ်လောင်သွားသည့်သူမရဲ့စကားသံသည်
ဒေါသတွေကြောင့်ဖြစ်ပါလိမ့်မည်။
ဒီအရွယ်ဒီအချိန်ထိပုံစံခွက်တစ်ခုထဲထည့်၍
ထိန်းသိမ်းလာခဲ့သမျှတွေက ဒီနေ့မှာ
သဲထဲရေသွန်သလိုခံစားလိုက်ရသည်။
မိခင်ဖြစ်သူရဲ့စိတ်နေစိတ်ထားတွေကို
လျစ်လျူရှုကာ ဘာမဟုတ်သော
စိတ်ခံစားချက်တွေကို အထူးတလည်
တုန့်ပြန်နေသော သားဖြစ်သူကိုကြည့်ကာ သူမရဲ့
ဒေါသတွေကိုအံကြိတ်မျိုချထားနေရသည်။" သူအများကြီး အဆင်ပြေနေပါပြီ....
အများကြီးဆေးကုသမှုခံယူပြီး အများကြီး
ဘေးကနေကူညီပေးမယ်ဆိုရင် သူပြန်ကောင်း
လာမှာပါ...."
![](https://img.wattpad.com/cover/335576457-288-k608597.jpg)
YOU ARE READING
ပန်းချီတွေငိုခြင်း