ပန်းချီတွေငိုခြင်း{၂}

3.6K 361 11
                                    

ဒီရက်တွေထဲအိမ်မှာပဲ အခန်းအောင်းရင်း
Jiminခပ်ငြိမ်ငြိမ်လေးပဲနေဖြစ်နေသည်။
ဟိုတစ်နေ့က ဒယ်ဒီ့ရဲ့ကြိမ်းဝါးခြင်းအပြီးမှာ
ကတည်းကဒီလိုငြိမ်သွားတာ၊
NamJoonကိုညှိရရင်ကိစ္စမရှိပေမယ့်
ထွက်ပြေးကြရအောင်ပြောတိုင်းHyungက
တုပ်တုပ်မျှမလှုပ်၊ အကြောင်းပြချက်တွေပဲ
ကြားနေရသည်မို့Jiminစိတ်ပျက်သည်။

တစ်ဖြည်းဖြည်းနဲ့ Septeber12ရက်နေ့
NamJoonHyungမွေးနေ့ဟာ
နီးကပ်လာသည်။
ဆွဲလက်စပန်းချီကားကိုလည်း
အဆုံးမသတ်နိုင်သေး။
ဒါလေးက Hyungမွေးနေ့လက်ဆောင်ဆိုပြီး
အစပြုရေးဆွဲနေခဲ့တာ အတော်ကြာပြီ၊

ပုံမှန်ဆို စိတ်တွေမကြည်ရင်စုတ်တံကိုင်ရင်း
စိတ်ကြိုက်ရေးခြစ်ပစ်ပေမယ့်
ဒါကတော့မတူ။

NamJoonမွေးနေ့မှာ အမြတ်တနိုးနဲ့
ပေးရမယ့်လက်ဆောင်လှလှလေးမို့ စိတ်တွေ
ကြည်နေချိန်၊ စိတ်တွေပျော်နေချိန်မှာပဲ
ဒီပန်းချီကားအတွက် စုတ်တံကိုကိုင်သည်။

သဘောကတော့ ဒီလက်ဆောင်လေးထဲ
Jiminရဲ့ ပျော်ရွှင်စရာအခိုက်အတန့်လေးတွေကိုပါ
ထည့်ပေးလိုက်သည့်သဘော။
သို့သော်၂၄နာရီမှာ ၂၈နာရီလောက်က
စိတ်တွေနောက်ပြီးဖြတ်သန်းနေရတာမို့
ဒီပန်းချီကားကိုတော်ရုံနဲ့ မရေးဆွဲဖြစ်
ဒါကြောင့်လဲ ဒီလောက်ထိကြာမြင့်သွားတာ၊

အခုတော့မဖြစ်တော့ NamJoon မွေးနေ့က
နီးကပ်နေပြီမို့ ဒီရက်တွေထဲအခန်းအောင်းရင်း
အမြန်ဆုံးလက်စသတ်နေမိသည်။

အချိန်သည် ည11နာရီဝန်းကျင်။

စာအုပ်တွေဖတ်နေတုန်း အိပ်ရာနံဘေးက
ဖုန်းမြည်သံကြောင့်NamJoonကောက်ယူ
ကြည့်လိုက်သည်၊တခြားလူတော့မဟုတ်
အဆိုးအဆာလေးပင်။

" Hyung အိပ်နေပြီလား.."

" ကိုယ်စာဖတ်နေတာ ကလေးရောဒီချိန်ထိ
မအိပ်သေးဘူးလား..."

" လုပ်စရာလေးရှိနေလို့...."

အေးအေးဆေးဆေးလေးပါပဲ၊
အဆိုးအဆာလေးက တခြားလူတွေနဲ့သာ မိုက်တိမိုက်ကန်းလေးပေမယ့် တခါတရံ
NamJoonနဲ့ဆို ဒီလိုလေး တည်တည်ငြိမ်ငြိမ်
ဖြစ်သွားတဲ့ အခိုက်အတန့်လေးကိုတော့
ပါးချိုင့်ကြီးက သဘောကျသည်။

ပန်းချီတွေငိုခြင်းOù les histoires vivent. Découvrez maintenant