ဖြစ်ချင်တာတွေဖြစ်ခွင့်မရတဲ့ ဘဝတွေထဲ
ကျွန်တော်တို့ဟာကံကြမ္မာကြိုးဆွဲရာကို
ကနေကြသူတွေကြီးပဲ။မွန်းကြပ်လာတိုင်းစိတ်ထွက်ပေါက်တွေ
ရှာနေမိလည်း ပိုပိုပြီး နစ်မွန်းလာခဲ့သည်မို့
ဒီအချိန်တွေကနေ ထွက်ပြေးချင်ခဲ့သည်။အပြစ်အနာအဆာပေါင်းမြောက်များစွာဖြင့်
ဒီဘဝကြီးကနေလွတ်မြောက်ရန်ကြိုးစားခဲ့ပုံက
လက်ကောက်ဝတ်ကိုဓားဖြင့်လှီးဖြတ်လိုက်ခြင်းပင်
ဖြစ်သည်။ကျေးဇူးပြုပြီး နောက်ထပ်ကောင်းမွန်တဲ့
ဘဝတစ်ခုမှာ မွေးဖွားလာပါရစေ။
ဒါသည် အသစ်ထပ်မံမွေးဖွားလာခြင်းလား၊
တမလွန်မှာများယောင်လည်လည်ဖြစ်နေခြင်းလား၊
ဒါမှမဟုတ် စုတ်ပြတ်သတ်နေတဲ့ဘဝထဲမှ
နိုးထလာခဲ့ခြင်းလား။" Jimin..."
မသေရုံတမယ် လက်ထဲတွင်ဆေးပိုက်ပေါင်း
မြောက်များစွာဖြင့်လူနာငယ်သည်
ပြတင်းပေါက်မှန်တွေကိုငေးနေရင်း
မျက်နှာတစ်ခုလုံးသည်ဖြူစုပ်လျက်။Hoseokခေါ်သံကိုလည်းမကြားဟန်ပြုရင်း
ငြိမ်သက်စွာငေးမြဲငေးဆဲပဲ။Hoseokကတော့ သက်ပြင်းတွေချရင်း
စိတ်မချမ်းမြေ့ဟန်ရှိသလို ၊ ရောက်ကတည်းက
Jeonကိုလည်းစကားတစ်ခွန်းမှမပြောပါဘဲ
လျစ်လျူရှုနေသည်။Hoseokသည် နံဘေးမှ Nurseကိုသာ
မှာကြားစရာရှိတာမှာကြားရင်း ညွန်ကြားစရာ
ရှိတာတွေ ညွှန်ကြားနေခဲ့သည်။
ပြီးနောက်တွင် Jeonအား မရှိတဲ့
လူတစ်ယောက်လိုပြုမူရင်းအခန်းထဲမှ
ထွက်သွားတော့ Jeonကနောက်မှ
လိုက်သွားခဲ့တာ။" HoseokHyung ဘာဖြစ်နေတာလဲ
ကျွန်တော်မေးနေတာလဲမဖြေ
ကျွန်တော်ပြောတာလဲ မကြားသလို
လုပ်နေတယ်နော်...."" ငါကမင်းကိုဘာပြောရဦးမှာလဲ
ငါတို့မှာအထွေအထူးပြောစရာမရှိဘူးထင်တယ်..."" Jiminနဲ့ပတ်သတ်ပြီး ကျွန်တော်
မေးမြန်းနေတယ်လေ "" မင်းမသိလည်းဖြစ်တယ် Jeon..
ငါ့ရဲ့Nurseကပိုပြီးစိတ်ချရတာမို့ သူ့ကိုပဲ
အကုန်မှာထားခဲ့ပြီးပြီ..."
YOU ARE READING
ပန်းချီတွေငိုခြင်း