ခပ်အေးအေးဆောင်းတွင်းသော်ငြား
ရင်ထဲကအပူမီးကတော့တဟန်းဟုန်းဖြင့်
တောက်လောင်နေသည်။လွမ်းသည်၊ဆွေးသည်၊ပြေးတွေ့ချင်၊
ပြေးပွေ့ချင်လည်း အခုက
တစ်ယောက်တစ်ကမ္ဘာစီမျှခြားနေခဲ့ပြီ။
အရက်တွေ၊စီးကရက်တွေကိုအဖော်ပြုရင်း
ပေတေစွာရှိနေသောဒီရက်တွေဟာ
မောင့်အမှားတွေအတွက် အကြီးမားဆုံး
ပေးဆပ်ခန်းတွေ။" ငါ အဆင်ပြေနေပါတယ်..."
TaeHyungတစ်ဦးတစ်ယောက်ကသာ
Jeonနဲ့အဆက်အသွယ်ရှိခဲ့သည်မို့အမြဲတမ်း
လိုလိုနေ့ညမနားဆက်သွယ်သည်။" လွမ်းနေလို့ ဝီစကီလေးနည်းနည်း
သောက်ထားရုံလေ..."" ..... "
" ရာသီဥတုက အရမ်းအေးတယ်TaeHyung
တစ်ယောက်ထဲဆိုတော့ ချမ်းစိမ့်စိမ့်ပဲ
လန်ဒန်မှာဆို ပိုများအေးနေမလားနော် ....."" .......... "
" ညတွေအိပ်မပျော်ဘူး ဆေးတွေသောက်လည်း
မသက်သာဘူး JeonJiminမရှိလို့များလား..."ခပ်ဟဟရယ်သံလေးဖြင့်
အနည်းငယ်မူးနေသူဟာ
ဖုန်းခေါ်ဆိုမှုအစအဆုံးကို Jiminနဲ့စ၍
Jiminနဲ့ဆုံးခဲ့ပါသည်။မတတ်သာလို့လက်လွှတ်ခဲ့ရတာပါ၊
ပန်းချီတွေကိုမောင်ဘယ်လောက်တောင်
မက်မောခဲ့သလဲ။ညတွေအိပ်မပျော်လို့အိပ်ရာနံဘေးမှာ
ပြန့်ကျဲနေသောအိပ်ဆေးဗူးတစ်ချို့ဟာ
ပွပလဲလျက်။
ညစဥ်ညတိုင်းမှာအပြစ်ရှိစိတ်တွေဟာ
ခြောက်လန့်သည်။
တစ်နေ့နေ့မှာများ ကံကောင်းထောက်မစွာဖြင့်
အိပ်ဆေးလွန်ကာ သေသွားဖို့ရက်ကိုလည်း
မျှော်လင့်နေမိသေးသည်။လူမသေပဲ၊စိတ်တွေသေသွားခဲ့ခြင်းကို
မောင်ကကိုယ်တွေ့ခံစားနေရသည်။
သေသေသပ်သပ်ကို မောင်ဝဋ်လည်နေကြောင်း
နားလည်ခဲ့သည်။တစ်လောကလုံးနှင့်အဆက်အသွယ်ဖြတ်ကာ
မောင်ကတိုကျိုမှာတိတ်တိတ်လေး
နာကျင်စွာဖြင့် ရှိနေသည်။ယူကျုံးမရတာတွေ၊
ကိုယ့်ကိုယ်ကိုအပြစ်တင်စိတ်တွေ၊
သေသေချာချာမကိုင်တွယ်နိုင်ခဲ့သည့်
ကျွန်တော်တို့ဆက်ဆံရေးတွေ၊
ဘယ်ဘက်ကိုပဲလှည့်ကြည့်ကြည့်
အဖက်ဆယ်မရတော့တာသေချာနေခဲ့ပါသည်။
ဘာလုပ်နေဦးမှာလဲ၊ ဘဝကူးသွားသည်ကမှ
အေးချမ်းနိုင်ဦးပါမည်ဟုတွေးမိတော့
တစ်ချက်မျှရယ်မိသေးသည်။
![](https://img.wattpad.com/cover/335576457-288-k608597.jpg)
YOU ARE READING
ပန်းချီတွေငိုခြင်း