ဆေးရုံကုတင်ပေါ်က ဖြူဖပ်ဖြူရော်လေးသည်
အိပ်ရာမှနိုးလာသည်နဲ့ ဒူးတွေထောင်လျက်ပင်
ခေါင်းရင်းဆီတွင် ကျုံ့ကျုံ့လေးထိုင်နေခဲ့သည်။" Jiminနိုးလာပြီလား...."
" အင်း..."
မှိုင်းပျပျနွမ်းလျလျမျက်နှာလေးသည်
ထိုမျှလောက်သာSungWoonအားဖြေကြားပြီး
ဒူးတွေထောင်ထားရာဆီ မျက်နှာတွေအပ်လျက်
ငြိမ်သက်စွာထိုင်နေခဲ့သည်။" Jimin အဆင်ပြေရဲ့လား...."
ခေါင်းမဖော်လာပါဘဲ ဒူးနှစ်ချောင်းထံ
မျက်နှာအပ်နေသူကို SungWoon စကားတွေ
စနေခဲ့လည်း ပြန်လည်ဖြေကြားခြင်းမရှိခဲ့ပါ။TaeHyungကတော့ SungWoon
နောက်ပါးဆီကနေငြိမ်ငြိမ်လေးကြည့်နေခဲ့သည်။
ခပ်လှလှမျက်လုံးတွေသည် Jiminထံမှာပဲ
စုစည်းရင်း။" Jimin..ဗိုက်မဆာဘူးလား တစ်ခုခု
စားချင်လား..."" Jimin...NamJoonHyungလည်း
ရောက်နေတယ်လေ မင်းတွေ့ချင်နေတာမလား..."တစ်မျိုးပြီးတစ်မျိုး ချော့မော့ပြောဆိုနေလည်း
စကားတွေတုန့်ပြန်ခြင်းမရှိပါ။
ထိုစဥ် အခန်းထဲဝင်လာသူNamJoonကြောင့်
SungWoonနဲ့TaeHyungအားရှိသွားရသည်။" Jiminနိုးနေပြီလား..."
" Hyungကြည့်ပြောပါဦး ကျွန်တော်
ဘာပြောပြော ပြန်မပြောဘူး...."NamJoonကိုတွေ့သည်နဲ့ SungWoon
ကပြေးပြီးတိုင်တန်းရှာသည်။
ParkJiminမှာ ဒီလူနည်းစုလေးကလွဲရင်
ရင်းရင်းနှီးနှီးတွေမှမရှိခဲ့ဘဲ။
ဒီလိုပုံရိပ်တွေကိုမြင်ရတိုင်း ရင်ထဲနင့်နေခဲ့တာကလည်း
ဒီလူနည်းစုလေးပါပဲ။" ကလေး..."
နှစ်ရှည်လများသိပ်ချစ်ခဲ့ရတဲ့ဒီလေသံ
အနိမ့်အမြင့်တွေကတော့ ဦးနှောက်တွေထဲထိ
စွဲနေခဲ့သည်။တစ်ချက်မျှကြားလိုက်ရုံနဲ့
ခေါင်းထောင်လာသည်။ မျက်လုံးအိမ်မှာ
မျက်ရည်တွေအပြည့်နဲ့။" Hyung... "
" အင်းဟုတ်တယ် Hyungလေ ..... "
" Hyung ကျွန်တော်အိမ်ပြန်ချင်တယ်..."
ငိုသံပါဖြင့်တိုးသဲ့သဲ့အသံလေးနဲ့
ဆေးရုံကုတင်ပေါ်ကJiminအား TaeHyung
မျက်တောင်မခတ်ကြည့်နေမိသည်။
စတွေ့တုန်းက ပုံစံနဲ့သိပ်ကွဲပြားစွာဖြင့်
အခုJiminသည် တခြားတစ်ယောက်လို။
BẠN ĐANG ĐỌC
ပန်းချီတွေငိုခြင်း