ဆေးရုံကုတင်ပေါ်ကဖြူဖြူဖျော့ဖျော့နံဘေးတွင်
လက်လေးတွေကိုကိုင်ရင်းစောင့်ကြည့်နေရင်းမှ
မှေးခနဲ့အိပ်ပျော်မှန်းမသိအောင်
အိပ်ပျော်သွားသည်။ရှုပ်ရှုပ်ယှက်ယှက်တွေမတွေ့ချင်မမြင်ချင်၍
Jiminဆေးရုံတွင်ရှိနေကြောင်းကို
မည်သူတစ်ဦးတစ်ယောက်ကိုမှအကြောင်းမကြား
အသိမပေးခဲ့။
လူတွေများရင်စကားတွေအများကြီးပြောရမည်။
ဘေးလူတွေပါလာသည့်အခါမောင့်ကို
မျက်နှာလွှဲသွားမှာကိုသိပ်စိုးသည်။
မိသားစုနဲ့အဆင်ပြေသွားခဲ့ရင် မောင့်လက်ထဲကများ
သူအပြီးအပိုင်ထွက်သွားလေတော့မလားဆိုသည့်
ပူပန်စိတ်ပေါင်းများစွာမှာ
ယောက်ျားအရင့်အမာကြီးတန်မဲ့ဟန်မဆောင်နိုင်
ဆေးရုံထဲတွင်လည်း တရှုံ့ရှုံ့ပါပဲ။" မောင့်..."
စိတ်ဖိစီးမှုများလာခြင်းကြောင့်
သတိလစ်သွားသည်အထိဖြစ်ပျက်သွားလည်း
မျက်လုံးတွေပွင့်လာသည်နဲ့ဦးစွာသတိရမိသူဟာ
တစ်ဦးတည်းသောမောင့်ကို။" ဟင်...Jimin..."
အိပ်ပျော်နေခြင်းမှာဆတ်ခနဲ့ခေါင်းထောင်လာသည်။
ပြာပြာသလဲပါပဲ အဆင်မှပြေရဲ့လားအတွေးနဲ့
ပါးပြင်တစ်ဖက်ကို နွေးထွေးစွာမောင်က
ထိတွေ့ခဲ့သည်။" ဘယ်လိုနေသေးလဲ အဆင်ပြေရဲ့လား
မောင်... ဒေါက်တာကို သွားခေါ်လိုက်ရမလား..."" ဟင့်အင်း..."
ငိုမဲ့မဲ့ဖြင့်ငြင်းဆန်ပုံဟာ တစ်ခုခုကြောင့်
အလိုမကျနေတာ။
မောင်သိနေတာပဲ၊မောင့်ပန်းချီတွေစိတ်ရော
ကိုယ်ပါပင်ပန်းနေခြင်းဆိုတာ။" လာ...မောင်ဖက်ထားပေးမယ်...."
လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်သည်နဲ့
အလိုက်သင့်ပါပဲမောင့်ရင်ခွင်ထဲတိုးဝင်ကာ
ကျောပြင်ကျယ်ကျယ်ကို ခပ်ဖွဖွဖက်ထားခဲ့သည်။" အိပ်မက်တွေထဲမှာ မောင်ငါ့ကိုထားခဲ့တာ..."
အဆက်အစပ်မရှိသောစကားတွေဖြင့်
လက်သေးသေးတွေဟာတုန်ယင်နေသည်။
စိုးထိတ်မှုလေးတွေပါဝင်လာတော့
မျက်ရည်လေးတွေ စီးသွားပြန်သည်။
![](https://img.wattpad.com/cover/335576457-288-k608597.jpg)
YOU ARE READING
ပန်းချီတွေငိုခြင်း